Ep-5

581 62 0
                                    

Unicode 

အခန်း(၅) နိုးထယစ်မူးခြင်းအဆိပ်

လီယုနင် ဟန်ရွယ်ပင်းရဲ့စကားများကြောင့် မျက်မှောင်ကျုတ်လိုက်မိသည်.

"ပင်းအာ ဘာလို့ဒီလိုအတွေးတွေတွေးနေရတာလဲ..နောက်တစ်ခါအဲ့လိုအတွေးတွေ မတွေးရဘူး..ကိစ္စတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာရှိတယ်.."

"တောင်းပန်ပါတယ်.. ရိဖူး"

"ကဲပါ..တစ်ချို့ကိစ္စတွေက အခုချိန်မှာပြောပြဖို့မလွယ်သေးဘူး..အနားယူလိုက်အုန်း နောက်နေ့ကျရင် မင်းဆီကို ယွီအာတို့မောင်နှမ လာလိမ့်မယ်..မင်းနန်းဆောင်မှာပဲ အပြစ်ပေးမှာ"

"ရိဖူး အစ်မတော်ကို အပြစ်မပေးပါနဲ့လား..သူမနဲ့မဆိုင်ဘူးလေ..ကျွန်တော့်ကိစ္စပဲလေ..ကျွန်တော်သတိလွတ်သွားလို့ အဆိပ်မိသွားတာပါ.."

လီယုနင်နဲ့ရင်းရွဲတို့ အပြန်အလှန်ကြည့်လိုက်မိသည်..ဟန်ရွယ်ပင်းရဲ့စကားက သူတို့ကို စိတ်ရှုပ်ထွေးစေသည်..ရင်းရွဲက မေးလိုက်သည်.

"ပင်းပင်း ဖူချင်းကို နားလည်အောင်ရှင်းပြပါလား..ပင်းပင်းအခုမိသွားတဲ့အဆိပ်ကို သိတာလား ရှောင်ဟွားတို့ကို မေးတော့မပြောဘူး."

"အဲ့ဒါက .."

"အဆိပ်နာမည်က နိုးထယစ်မူးခြင်းလို့ ယုအာက ပြောတယ်..ရှောင်ဟွားက ဆေးပညာပိုင်းမှာ ကျွမ်းကျင်တယ်..သူမလိုကျွမ်းကျင်တဲ့သူကတောင် အဲ့နာမည်ကြားတာနဲ့ ကြောက်လန့် သွားတာ..အဲ့အဆိပ်က အရမ်းပြင်းထန်လို့လား..ပင်းအာ."

လီယုနင်ရဲ့ပြောစကားများကြောင့် ဟန်ရွယ်ပင်း ခေါင်းအသာခါကာ ဆိုလိုက်သည်..

"အခြားလူတွေအတွက်ကတော့ မပြင်းထန်ပါဘူး...အိပ်ရာထဲမှာ တစ်လလောက်အနားယူပြီး သွေးပုပ်တွေအန်ထုတ်လိုက်ရင် ပျောက်ကင်းသွားပါတယ်..ကျွန်တော့်လို့မိစ္စာအတွက်က တော့ တစ်ကိုယ်လုံး တစ်ဆစ်ဆစ်နဲ့နာကျင်လာပြီး အသိစိတ်ကို ‌‌ေ၀၀◌ါးလာစေတယ်...နောက်ပိုင်းလက္ခဏာတွေကတော့ လပြည့်ညကအခြေအနေလိုရောက်သွားနိုင်တယ်.ဆေး ကများရင်များသလောက် အခြေအနေဆိုးလာနိုင်တယ်.."

အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now