Universe - 1

221 40 6
                                    

အာဆာဟီမျက်လုံးဖွင့်လိုက်တော့ တဖြေးဖြေးချင်းဆီဝင်လာတဲ့ အလင်းရောင်‌ယဲ့ယဲ့လေး ဒီအနံ့မွှေးလိုက်တာ အာရုံခံပြီးခံစားနေတုန်း

"သတိရလာပြီလား"

"အင်း"

အာဆာဟိကိုမေးလာတဲ့လူကိုကြည့်လိုက်တော့ဆံပင်အနီရောင်နဲ့လူတစ်ယောက်

"မင်းဘယ်သူလဲ"

ထိုလူပြန်ဖြေဖို့လုပ်နေစဉ်မှာနောက်ထပ်ဝင်ရောက်လာတဲ့ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး

*သားလေး သတိရလာပြီလား အဆင်ပြေလား ‌မသက်သာတဲ့နေရာရှိသေးလား*

ဂျပန်လိုပြောလာတဲ့အမျိုးသမီးရဲ့စကားက ကျတော့်အမေနဲ့အသက်ရွယ်တူလောက်ရှိမည်။သူတို့တွေကဘယ်သူတွေလဲ။ကျတော့်မိသားစုတွေကော

"ဘယ်သူတွေလဲမသိဘူး"

*သားရဲ့အမေနဲ့အဖေလေ မမှတ်မိဘူးလား*

"ဘာတွေပြောနေတာလဲ နားမလည်ဘူး"

ငါမှတ်မိသလောက် ငါအရှေ့ကကားကိုရှောင်ရင်းသစ်ပင်ကိုပဲဝင်တိုက်မိသွားတာပါ

*အိုကာစံ ခနကျတော်မေးကြည့်မယ်*

"အာဆာဟီငါ့ကိုသိလား"

"မသိဘူး"

*အိုကားစံတို့အိမ်အရင်ပြန်နှင့်လိုက်ပါ ကျတော်တစ်ခုခုဆိုအကြောင်းကြားပေးပါ့မယ်*

*ဆာဟီကိုဂရုစိုက်ပေးပါအုံး*

*ဟိုက်*

အချိန်ကိုက်ရောက်လာတဲ့ဆရာဝန်များကို ယိုရှီသေချာစစ်ဆေးခိုင်းလိုက်သည်။

"သူဘာဖြစ်တာလဲ ဘာလို့ငါတို့ကိုမမှတ်မိတာလဲ"

"မသေချာဘူးခဗျ ကျတော်တို့စစ်ဆေးချက်အရခေါင်းတော့မထိသွားပါဘူး ‌ဖြစ်နိုင်တာကတော့ လူနာရဲ့စိတ်ဒဏ်ရာကြောင့်ဖြစ်ဖို့များပါတယ်"

"ဘာစိတ်ဒဏ်ရာလဲ ငါကားလေးတိုက်ပြီးဆေးရုံရောက်လာတာကို ဘာစိတ်ဒဏ်ရာလဲ"

"အာဆာဟီ မင်းကိုယ်မင်းကားတိုက်ခံရတယ်ထင်နေတာလား"

"ဟုတ်တယ် ဒါနဲ့ငါသူငယ်ချင်းတွေကော"

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now