Universe - 17

82 19 3
                                    

YG WORLD

ဆေးရုံကုတင်ထက်မှာလဲလျောင်းနေဆဲဖြစ်နေတဲ့ ဆာဟီ၏လက်ကိုဆုပ်ကိုင်လိုက်ရင်း

"ကိုယ်မင်းကိုလွမ်းလှပြီ အမြန်နိူးလာပါတော့"

ဒီတခါလည်းဂျယ်ဟော့နဲ့သူတိုးပြန်ပြီ။ သူထွက်သွားဖို့ပြင်လိုက်တော့

"နေပါ မသွားလည်းရပါတယ်"

သူပြန်ထိုင်လိုက်ပြီး ဆာဟီ၏လက်ကိုပြန်ကိုင်ထားလိုက်သည်။ ဒီလက်လေးတွေကသူ့နှာခေါင်းလေးတွေကိုလာလာထိတဲ့အချိန်ကိုလွမ်းတယ်။ သူ့ကိုအမြဲလာလာနှောင့်ယှက်နေတဲ့ဒီလူကိုသူအရမ်းလွမ်းတယ်။

"ဆာဟီရဲ့ကောင်လေးလား"

သူခေါင်းခါပြလိုက်သည်။ ဟုတ်တယ်လေ သူတို့ကတွဲမှမတွဲကြသေးတာ။

"မင်းနာမည်က"

သူ mask ကိုချွတ်ပြီး ဂျယ်ဟော့ဆီလက်ကမ်းလိုက်ကာ

"Jaden Kim"

"ငါကယွန်းဂျယ်ဟော့ သူ့အကို"

"အင်း သိထားပြီးသားပါ"

သူနဲ့စကားတွေပြောနေလျက်တောင် သူ့ညီလက်ကိုမလွှတ်တဲ့ Jaden ကြောင့်နည်းနည်းတော့ရယ်ချင်မိတယ်။ အတွဲတွေမဟုတ်ဘူးလို့ပြောပေမယ့် အကိုဖြစ်သူရှေ့မှာတောင်လက်ကကိုင်ထားသေးလေရဲ့။

"ဘာတွေဖြစ်နေတာလဲ"

"မသိဘူး"

"ဟာရူတို"

"ငါတကယ်မသိတာ အခုတလော ခနခနမူးလဲနေတာ"

"ပြန်ရတော့မယ်ထင်တယ်"

ဟာရူတို၏စိတ်ရှုပ်နေတဲ့မျက်နှာက ပိုပြီးဆိုးသွားသည်။

"ဘာဖြစ်တာလဲ အရင်ကမင်းပဲပြန်‌ချင်နေတာမဟုတ်ဘူးလား"

"အင်း"

"ငါကြိုပြောခဲ့တယ်မလား မလိုအပ်တဲ့သံယောဇဉ်တွေမတွယ်ဖို့"

"မင်းကရည်းစားတောင်ထားနေသေးတယ်လေ"

"မင်းနဲ့ငါနဲ့မတူဘူးလေ"

"ဘာလို့မင်းနဲ့ငါကဆက်နွှယ်နေတာလဲ"

"ဟိုဖက်မှာ မင်းနဲ့ငါကရည်းစားတွေမလို့လေ"

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now