Universe - 7

179 32 17
                                    

"မင်းဘာပြောလိုက်တာ"

"ဘာကိုလဲ"

"အိကျီဘာအရောင်လို့မင်းပြောလိုက်တာ"

"အပြာရောင်လေ ဘာဖြစ်တာလဲ"

"ငါဝတ်ထားတာဘာအရောင်လဲ"

"အညိုရောင်လေ ယိုရှီနိုရီခဗျားဘာဖြစ်နေတာလဲ"

"မင်းဘယ်ချိန်ကစတာလဲ"

"ဘာကိုလဲ ငါစိတ်ရှုပ်လာပြီနော်"

"မင်းက colour blind လေ"

ယိုရှီပြောလိုက်သည့်စကားကိုတုန့်ပြန်ဖို့စကားလုံးရှာမတွေ့တော့ပါ။ဒါကတတိယမြောက် ယွန်းအာဆာဟီနှင့် ဟာမဒါအာဆာဟီတို့၏ကွာခြားချက်ဖြစ်နေနိုင်သည်။ သူဒါကိုလုံးဝမသိခဲ့ပါ။သူဝိဉာဉ်ပြောင်း၍နိုးလာကတည်းကပင် အရင်အတိုင်းနှင့်သာအရောင်တွေမြင်နေရသည်ဝိဉာဉ်ပြောင်းပြီးအရောင်ကိုပါမြင်နေရလျှင် သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိသော အာဆာဟီကကော Colour Blind ဖြစ်သွားမှာလား။

"ငါ ငါ မမှတ်မိတော့ဘူး"

"မင်းမလိမ်နဲ့ အာဆာဟီ မင်းအတိတ်မေ့တာမဟုတ်မှန်းငါသိတယ်"

"မင်းဘာပြောနေလဲငါမသိဘူး ငါဘာမှမမှတ်မိဘူး"

မျက်စိရှေ့ကလူဟန်ဆောင်နေသလား အတည်လား ဆိုတာ ယိုရှီတကယ်မသဲကွဲတော့ပါ။ Colour Blind တစ်ယောက်က accident တစ်ခုကြောင့်ပျောက်ကွယ်သွားတာမျိုးဖြစ်နိုင်ရဲ့လား။ သူဘာပြောပြော ဒီလူကငြင်းနေအုံးမည်ဆိုသူသိသည်။ ထိုကြောင့်စကားထပ်မပြောတော့ပဲ လုပ်လက်စအလုပ်ကိုသာဆတ်လုပ်နေလိုက်သည်။

အာဆာဟီ ဆတ်ပြောဖို့စကားတွေကုန်နေပြီဖြစ်သည်။ ထပ်မေးလာလျှင်လည်း တူညီသည့်အဖြေကိုသာဖြေရလိမ့်မည်။ ၂၁ရာစုပင်ရောက်နေပြီလေ ဝိဉာဉ်ပြောင်းလာသည်ဟုပြောလျှင်မည်သူကယုံမည်နည်း။ အခန့်မသင့်လျှင်သူတောင် စိတ္တဇဆေးရုံရောက်သွားနိုင်ပေသည်။ Colour Blind ကသူ့ဆီမှာမသက်ရောက်နေခဲ့လျှင် ဟိုအာဆာဟီဆီမှာဖြစ်သွားပြီလား။ ဆာဟီတွေးမရတော့သည့်အဆုံး မနက်မှရူတိုဆီသာဖုန်းဆတ်ရန်သာဆုံးဖြတ်လိုက်သည်။

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now