ယိုရှီအုတ်ဂူတစ်ခုရှေ့ရပ်ရင်း
"ယူရီရား အဆင်ပြေလား ကိုယ်လာတယ် မင်းထွက်သွားတာ တစ်နှစ်တောင်ပြည့်ပြီနော်"
"မင်းကိုဒီလိုဖြစ်အောင်လုပ်တဲ့လူကို ကိုယ်သေချာပေါက်ကလဲ့စားချေပေးမယ်"
"မင်းအခုထိ ဆာဟီကိုမုန်းနေတုန်းလား"
"ဘယ်သူများလဲလို့ ယွန်းဂျယ်ဟော့ကိုး"
"အင်း ယူရီရဲ့ကိစ္စကဆာဟီနဲ့ဘာမှမဆိုင်ဘူးဆိုတာမင်းသိမှာပါ ဘာလို့ကိုယ့်ကိုယ်ကိုလိမ်နေတာလဲ"
"ဘာလို့သူနဲ့မဆိုင်ရမှာလဲ သူသာငါ့ကိုလက်မထပ်ခဲ့ရင် ယူရီကမဂ်လာပွဲကိုတားဖို့လာခဲ့မှာမဟုတ်ဘူး အဲ့လိုဆိုသူလည်းကားတိုက်ခံရမှာမဟုတ်ဘူး"
"ယိုရှီ ဆာဟီပြောင်းလဲသွားပြီဆိုတာ မင်းသိမယ်ထင်တယ်"
"အဲ့ဝောာ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကောင်မင်းဆီဘယ်တော့မှလာမှာမဟုတ်ဘူး"
ယိုရှီကိုစကားပြန်ပြောဖို့ပြင်နေချိန် အာဆာဟီ ဆီကဖုန်းဝင်လာခဲ့သည်။ဂျယ်ဟော့ ယိုရှီကိုဖုန်းထောင်ပြလိုက်ပြီးစပီကာဖွင့်ကာ
"ဟယ်လို ဆာဟီ"
"ဘယ်မှာလဲ"
"ကိုယ်အပြင်ရောက်နေတာ ဘာလို့လဲ"
"ငါ့ကိုလာခေါ်ခိုင်းမလို့ ဂျောင်ဝူးကသူ့အမေအိမ်ပြန်သွားလို့"
"ဒါဆိုခနစောင့်နေနော် ကိုယ်အမြန်လာခဲ့မယ်"
"ဖြေးဖြေးပဲမောင်းခဲ့ပါ ငါစောင့်ပါ့မယ်"
"အိုကေ"
ဂျယ်ဟော့ ယိုရှီကို အောင်နိုင်သူသဖွယ်မဲ့ပြုံးပြုံးပြပြီး အုတ်ဂူအပေါ်ပန်းတင်ကာ
"ယူရီမင်းအသက်ရှိနေသေးရင်ကောင်းမယ် ဒါမှငါ မဟုတ်လည်း ဂျောင်ဝူး ကမင်းကိုရိုက်လို့ရမှာသိလား"
"မင်း ဆာဟီကိုဘယ်လောက်ထိဒုက္ခပေးဖို့တွေးထားလဲဆိုငါမသိပေမယ့် ငါခန့်မှန်းနိုင်တယ် တစ်နေ့မင်းလုပ်ခဲ့တဲ့အရာတွေအတွက်မင်းနောင်တရလိမ့်မယ် ယိုရှီ ငါသွားပြီ"