Universe - 11

155 33 4
                                    

ရူတိုနှင့်ဆာဟီ လိပ်စာအတိုင်းလာခဲ့တော့ ယိုရှီလာခဲ့သည့် Tarot ဆရာမ၏‌နေရာပင်ဖြစ်သည်။

"မင်းတို့ရောက်လာပြီလား"

ဆရာမ၏စကားမေးခွန်းအဆုံး၌ ဆာဟီတစ်ခါတည်းမေ့လဲသွားတော့သည်။ဆာဟီမူးလဲပြီးပြန်နိူးထချိန်တွင်သူသည်အမှောင်ထုတစ်နေရာ၌ရောက်နေလေသည်။

"ဒါကဘယ်နေရာလဲ"

သူစကားအသံအဆုံး၌ပေါ်လာသည့်မှန်တစ်ခု မဟုတ်ဘူးထိုအရာကမှန်မဟုတ်ဘူး ထိုအရာကလူတစ်ယောက်တစ်နည်းအားဖြင့် အာဆာဟီ ကျတော်နှင့်တူနေသည့်ဆာဟီပင်။

"အာဆာဟီ ဟာမဒါအာဆာဟီဟုတ်တယ်မလား"

"ဟုတ်တယ် မင်းကယွန်းအာဆာဟီပေါ့"

"အင်း မင်းအဆင်ပြေရဲ့လား"

"‌အရမ်းပြေတယ် ယိုရှီကိုမတွေ့ရတာကလွဲလို့ပေါ့ မင်းကိုကောသူကငါ့အထင်နဲ့နှိပ်စက်သေးလား"

"နည်းနည်းပါ ငါကမင်းလိုသည်းမခံဘူးလေ"

"အခုကော"

"ယိုရှီကငါ့ကိုချစ်တယ်တဲ့ မဟုတ်ဘူး မင်းကို"

ကျတော့်စကားကြောင့်မယုံကြည်နိုင်စွာကျတော့်ဖက်လှည့်လာပြီး

"မဖြစ်နိုင်လိုက်တာ ယိုရှီငါ့ကိုချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး"

"ငါတကယ်ပြောနေတာ"

"သူကမင်းမှန်းသိနေတာများလား"

ဟာမဒါအာဆာဟီစကားကြောင့်ကျတော်ခနလောက်တိတ်ဆိတ်မိသွားသည်။ ဒါပေမယ့်မဖြစ်နိုင်ပါဘူး။ ယိုရှီသာသိနေရင်သူဒီလိုအေးဆေးဆေးနေမဲ့သူတော့မဟုတ်နိုင်ပါ။

"မင်းဒီကိုပြန်လာချင်လား"

ဒီမေးခွန်းကလည်းကျတော့်ကိုနောက်တစ်ဖန်တိတ်‌ဆိတ်စေပါသည်။ ကျတော်ပြန်ချင်ရဲ့လား။ ထို့နောက် ဟာမဒါအာဆာဟီသည်ကျတော့်မြင်ကွင်းမှပျောက်သွားပြီး ကျတော်လည်းလက်ရှိဘဝကိုပြန်ရောက်လာခဲ့သည်။

"ဆာဟီ ရော့ ရေသောက်လိုက်အုံး"

"မင်းသူနဲ့တွေ့ခဲ့ပြီလား"

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now