Universe - 15

89 23 4
                                    

ရူတို ဆာဟီသတင်းကြားကြားချင်းဆေးရုံကိုလိုက်လာလိုက်သည်။ ဂျောင်ဝူးနှင့်အတူရှိနေတာမလို့ ဂျောင်ဝူး‌ကိုပါခေါ်လာခဲ့လိုက်သည်။

"ဆာဟီဘာဖြစ်တာလဲ"

"မသိသေးဘူး ရေချိုးခန်းထဲမှာကြာနေတာ သော့အပိုနဲ့ဖွင့်လိုက်တော့မူးလဲနေတာ"

ဂျောင်ဝူး ရူတို၏ပုခုံးကိုပုတ်ပေးပြီး စိတ်မပူစေဖို့ပြောလိုက်သည်။ ခနအကြာ‌ဆရာဝန်ထွက်လာပြီး စိတ်ပူစရာမရှိကြောင်းနဲ့ အားနည်းသွားသည့်အကြောင်းသာပြောသွားသည်။

"‌မင်းဆေးရုံတတ်တုန်းကသူမင်းကိုဂရုစိုက်ပေးနေတာကြောင့်လေ"

"ငါသိတယ် မင်းကသူနဲ့ဘာလို့လာတာလဲ"

"မင်းကသူ့ကိုသိတာလား"

"ဟိကွန်ရဲ့သူငယ်ချင်းလေ ငါမသိစရာလား"

"အော် မင်းဆာဟိအကြောင်းကိုဂရုစိုက်သေးတယ်ပေါ့"

"ဟာရူတို မင်းငါ့ကိုရန်စနေတာလား"

ရူတိုဘာမှဆတ်မပြောပဲ ဆာဟီကုတင်ဘေးသွားထိုင်လိုက်သည်။  ဆာဟီနိုးလာတော့ ကုတင်ဘေးမှာထိုင်နေတဲ့ ယိုရှီကိုခေါ်လိုက်သည်။

"ယိုရှီဟျောင်း"

ယိုရှီလှည့်လာပြီး

"မင်းဘယ်လိုခေါ်လိုက်တာလဲ"

ဆာဟီကုတင်ပေါ်ကဆင်းပြီး ယိုရှီကိုပုခုံးကနေဖက်လိုက်ပြီး

"ယိုရှီဟျောင်း"

ယိုရှီ ဆာဟီလက်ကိုဆွဲဖြုတ်လိုက်ပြီး

"မင်းဟိကွန်မဟုတ်ဘူး"

"ဟိကွန်ကကျတော်ပဲလေ ဆာဟီလည်းကျတော်ပဲ ဟာမဒါအာဆာဟီကကျတော်လေ ယိုရှီဟျောင်း"

ယိုရှီဆေးရုံခန်းထဲကအမြန်ထွက်လာလိုက်ပြီး တားရော့ဆရာမဆီသွားလိုက်သည်။ ကျန်ခဲ့သည့် ဂျောင်ဝူးကတော့အခြေအနေကိုနားလည်နိုင်ပေမယ့် ဟာရူတိုကတော့ဘာကိုမှနားမလည်နိုင်သေးပေ။

"ဆာဟီ"

ယွန်းအာဆာဟီအတွက်တော့ ရူတိုကသူငယ်ချင်းကောင်းဆိုပေမယ့် ဟာမဒါအာဆာဟီအတွက်တော့ ရူတိုကသူစိမ်းတစ်ယောက်ပင်။

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now