Universe - 10

151 31 3
                                    

"ဘာစားပြီးပြီလဲ တစ်ခုခုစားမလား"

"တော်ပြီ ဘာပုံဆွဲ ဒိုယောင်း"

ရူတို ဂျောင်ဟွမ်ကိုမြင်တိုင်း အမြဲတမ်းအချိန်ပြည့်ပုံသာဆွဲနေသည်။ ဘာပုံဆွဲနေသလဲစပ်စုမိလိုက်တော့ ဒို‌ယောင်း ကင်ဒိုယောင်းပုံသာ။

"မင်းသူ့ကိုသိတာလား"

ရူတို ဂျောင်ဟွမ်၏မေးခွန်းကိုမဖြေနိုင်။ သူ့အတွေးထဲ‌ဒိုယောင်းကောဒီမှာရောက်နေတာလားဟုတွေးနေမိသည်။ ရူတိုအတွေးလွန်နေခဲ့တာ ‌ဂျယ်ဟော့လက်တို့မှသာအသိပြန်ဝင်ခဲ့သည်။

"ရူတို ရူတို"

"ဟမ် ဘာလဲ"

"ငါမေးနေတာကြာပြီ ဘာတွေတွေးနေတာလဲ"

"ဟင့်အင်း ဘာမှမဟုတ်ဘူး မင်းဘာမေးတာလဲ"

"မင်းသူ့ကိုသိတာလားလို့"

ရူတို‌ဖြေသင့်မဖြေသင့်တွေးရင်း မုသားစကားသာအသုံးပြုလိုက်သည်။

"မသိဘူး သူကဘယ်သူလဲ"

"သူလည်းမသိဘူး သူ့အိမ်မက်ထဲကိုဝင်လာနေတဲ့သူတဲ့ ကောင်လေးကချောချောလေး"

"ဟုတ်လား"

"အင်း"

ရူတို ဂျောင်ဟွမ်အားစိုက်ကြည့်ရင်း ဂျောင်ဟွမ်၏အကြည့်ထဲမှ ဒိုယောင်းအပေါ်ရှိနေသည့်ခံစားချက်ကို‌မြင်တွေ့ခဲ့ရသည်။ ဒိုယောင်းကောအခုချိန်ဘယ်လိုရှိနေမလဲ ကိုရီးယားကိုပြန်ရောက်နေပြီး ကျတော်တို့မဟုတ်တဲ့ ကျတော်တို့ဆီကပ်ပြီးဆိုးနေအုံးမလား။

ယိုရှီလွန်ခဲ့သည့်တစ်နှစ်ကရောက်ခဲ့သည့် Tarot ဆရာမထံပြန်လာခဲ့သည်။ အဲ့တုန်းက

"မင်းဒီတစ်နှစ်အတွင်းထူးဆန်းတဲ့အဖြစ်အပျက်နဲ့ကြုံရပြီး မင်းနှလုံးသားပြန်နိူးထလာလိမ့်မယ်"

ဆိုသည့်ဟောခဲ့တာကိုသူလျစ်လျူရှုခဲ့ဖူးသည်။ ယူရီဆုံးသွားတည်းကသူ့နှလုံးသားကသေဆုံးသွားခဲ့တာ။ ထူးဆန်းတဲ့အဖြစ်အပျက်ဆိုတာကလည်းလွန်ခဲ့သည့်နှစ်ဝက်လောက်ကပင်ကျတော့်ဘဝထဲကြုံရပြီး သေဆုံးသွားတဲ့ကျတော့်နှလုံးသားဟာလည်း ဟိကွန်ကြောင့်ပြန်လည်နိူးထလာခဲ့ပြီ။

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now