Universe - 9

166 33 3
                                    

ယိုရှီမနက်အစောထပြီး Hamada Asahi မကြိုက်တဲ့အစားအစာတွေကိုသာပြင်ဆင်ထားလိုက်သည်။ သူကိုယ်တိုင်ပြောသည်ကိုနားနှင့်ကြားသော်လည်း သူမယုံနိုင်ပါ။

"မောနင်း"

"အင်း မနက်စာပြင်ထားတယ်"

ဆာဟီမနက်စာကိုကြည့်လိုက်တော့ sandwich နဲ့ ကော်ဖီပင်။ အရင်ဆာဟီက sandwich စားရင် ခရမ်းချဉ်သီးဖယ်ပြီးစားသည်ကော်ဖီကတော့လုံးဝမသောက်သူပင်။ အခုသူ့ရှေ့က လူကိုမျက်တောင်ခတ်ပဲသေချာကြည့်နေမိသည်။ ခရမ်းချဉ်သီးမဖယ်ပဲစားနေသလိုကော်ဖီကိုတောင်ကောင်းတယ်လို့ချီးကျူးနေပါသေးတယ်။ အမှန်တရားကိုသူသိသွားကြောင်းဖွင့်ပြောလိုက်ရင် အခုအခြေအနေကကွာခြားသွားမှာလား ဆာဟီကကောအရင်လို ကွာရှင်းဖို့ဆတ်ပြောအုံးမှာလား။ ကျတော်ခံစားချက်ပြောင်းသွားတာ ဒီလူအပေါ်မှာမလို့ပြောင်းသွားတာများလား။ အရင်လူသာဆိုရင်ကော ဘယ်လိုခံစားရမလဲ။

"ဘာလို့စိုက်ကြည့်နေတာလဲ"

"ချစ်စရာလေးပေါ့"

ဆာဟီသောက်လက်စကော်ဖီများပင်သီးသွားရသည်။ ဒီလူ သူ့ကိုလာ ဖလစ်နေတာလား။

"ဘာ ဘာတွေလာပြောနေတာလဲ"

"ကျောင်းသွားမှာလား ကိုယ်လိုက်ပို့ပေးမယ်"

"အင်း ယိုရှီနိုရီ ဟိုလေ"

"ယိုရှီလို့ပဲခေါ်လို့မရဘူးလား"

"မခေါ်ချင်ပါဘူး ဘာလဲမကျေနပ်တာလဲ"

"မဟုတ်ရပါဘူးဗျာ ကျေနပ်ပါတယ် ပြေယပါဗျာ ဘာပြောမလို့လဲ"

"ဟာရူတို သူ "

ပြောစကားတောင်မဆုံးသေးဘဲ ကျတော့်၏ဘေးထိုင်ခုံ၌လာထိုင်ပြီး လက်ကိုကိုင်ကာ

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now