Universe - 2

220 35 9
                                    

အာဆာဟီရေကန်ထဲခေါင်းနှစ်သူဘာကြောင့်ဒီလိုဖြစ်ရတဲ့အကြောင်းကိုအကြိမ်ကြိမ်စဉ်းစားနေပေမယ့်အဖြေထွက်။ငါဘာဆတ်လုပ်ရမလဲ။အာဆာဟီရေထဲဆတ်စိမ်ချင်ပေမယ့်လည်းမြည်လာတဲ့ဖုန်းသံကြောင့်ရေထဲကထလာလိုက်သည်။ ဖုန်းထဲကပေါ်နေတဲ့ နာမည်က

"ပတ်ဂျောင်ဝူး"

"ဟယ်လို"

"အာဆာဟီမင်းဘယ်လိုနေလဲ"

"ဘယ်သူလဲ"

"ဘာလဲ မင်းယောက်ျားရှိနေတာလား"

"မရှိဘူး"

"မရှိပဲနဲ့များ ငါ့ကိုဘာလို့မသိချင်ယောင်ဆောင်နေတာလဲ"

"ငါတကယ်မသိတာ မင်းဘယ်သူလဲ"

"ရား မင်းအတိတ်မေ့နေတာလား"

"အင်း"

"အိမ်ရှေ့ထွက်စောင့် ငါလာခေါ်မယ်"

"အင်း"

ဘယ်သူမှန်းမသိပေမယ့်လာခေါ်မယ်ဆိုတော့လိုက်သွားမှာပေါ့ ဒီအိမ်အကြီးကြီးမှာတစ်ယောက်တည်းနေတာပျင်းစရာသိပ်ကောင်းလွန်းလှသည်။ ဒီအာဆာဟီက ဖက်ရှင်ပိုင်းကျွမ်းကျင်ပုံရတယ် သူ့အဝတ်အစားတွေကအရမ်းမိုက်တယ် အကုန်နီးပါး Brand တွေချည်းပဲ အိကျီအဖြူ ဘောင်းဘီအညိုရောင်ဝတ်ပြီး ဖုန်းယူကာအိမ်ရှေ့ထွက်လာလိုက်သည်သိပ်တောင်မစောင့်လိုက်ပြိုင်ကားအမဲရောင်တစ်စီးကျတော့်နားလာရပ်သည်

"တတ်လေ"

"အင်း"

ကားစီးတဲ့တစ်လျှောက်လုံးတိတ်ဆိတ်နေ၏။ကျတော်ဘာပြောရမလဲမသိသလို သူကလည်းဘာမှမပြော။သူရပ်လိုက်တဲ့နေရာက ကော်ဖီဆိုင်တစ်ခု

"ဆာဟီမင်းဘာသောက်မလဲ ခါတိုင်းလို Latte ပဲလား"

"ဟင့်အင်း Black Coffee"

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now