Universe - 3

212 38 11
                                    

"မင်းယောက်ျားမင်းကိုဘာမှမပြောဘူးလား"

"ဘာပြောမှာလဲ"

"မင်းကျောင်းတတ်တာကို"

"ဂျောင်ဝူး ငါနဲ့အဲ့ကောင်ဘယ်လိုလက်ထပ်ဖြစ်သွားတာလဲ"

တကယ်သိချင်မိသည် ယောက်ျားချင်းလက်ထပ်ခြင်းသည်ထူးဆန်းသည်တော့မဟုတ်ပါ။ သို့သော် သူ့ကိုရှယ်ပလန်နှင့်မုန်းနေသော ထိုလူအားလက်ထပ်ထားသည့် အာဆာဟီသည်တကယ်ထူးဆန်းပါသည် ဘယ်လိုအကြောင်းမျိုးကြောင့်နှင့်များလက်ထပ်ခဲ့မိပါသလဲ။ ရေချိုးတိုင်းမြင်တွေ့နေရသည့် ဘယ်ဖက်‌လက်ကောက်ဝတ်မှ အမာရွတ်၊ညာဖက်ပခုံးအထက်မှအပူလောင်ထားသောဒဏ်ရာ၊ခန္ဓာကိုယ်အနှံ့အသေးစားဒဏ်ရာလေးများလည်းရှိ၏။ဒဏ်ရာအမာရွတ်များ၏အကြောင်းအရာအလုံးစုံကိုမသိသော်လည်းထိုဒဏ်ရာများသည်သေချာပေါက် ယိုရှီနိုရီနှင့်သာဆတ်နွယ်နေမည်။

သူ၏အရင်ခန္ဓာကိုယ်နှင့်သာဆိုလျှင်ထိုလူအားတွန်းလဲ၍ထိုးကြိတ်ပစ်နိုင်သေည်လည်း ဒိခန္ဓာကိုယ်သည်လေတိုက်လျှင်ပါသွားမည်တောင်စိုးရိမ်ရ၏။ ယိုရှီနိုရီ‌ဆိုသည့်လူသည်တကယ့်ကိုပင်ကြောင်သူတော်ကြွက်သူခိုးသာလျှင်။ ဂျပန်လဘာသာစကားဖြင့်ပြောနေချိန်တွင်အလွန်မှချိုသာ၍ သူ့အား ဟိကွန် ဟိကွန် ဟုတဖွဖွခေါ်တတ်သည်။ဖုန်းချပြီးနှင့်တပြိုင်နက် အာဆာဟီ ဟူ၍ လူသတ်တော့မည့်လေသံနှင့်ခေါ်စမြဲသာ။

"မင်းနဲ့သူကအိမ်နီးချင်းလေ သူအဖေဆုံးသွားတော့ သူ့အမေကနောက်အိမ်ထောင်ပြုလိုက်တယ် သူ့ပထွေးကအလောင်းကစားတွေလုပ်ပြီး အိမ်ကိုမင်းအဖေဆီပေါင်ပစ်တာလေ နောက်မရွေးနိုင်တော့သူ့အမေကိုယ်တိုင်က မင်းတို့အိမ်မှာအလုပ်လုပ်ဖို့သူ့ကိုလွှတ်လိုက်တာ"

"အင်း"

"ပြီးတော့ မင်းကသူမှသူကြိုက်သွားရော အဲ့ဒါနဲ့မင်းအဖေကလက်ထပ်ပေးလိုက်တာ"

"ငါကလား သူမှသူဖြစ်တာ"

"အေး"

"အခုတော့မဟုတ်တော့ဘူး ငါအရင်တစ်ပတ်ကကွာရှင်းဖို့ပြောထားတယ်"

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now