Universe - 13

213 29 2
                                    

2020 { YG WORLD }

ဂျောင်ဝူး Trace အထက်တန်း နောက်ဆုံးနှစ်အခန်းရှေ့စာတစ်စောင်ကိုင်ရင်းဝဲလည်ဝဲလည်လုပ်နေသည်ရည်းစားစာဟုဆိုသော်ငြားလည်းကောင်မလေးကိုပေးဖို့မဟုတ် သူမတော်တဆ သဘောကျမိတဲ့ကောင်လေးကိုပေးဖို့ပါ။

"ဘယ်သူ့ကိုရှာနေတာလဲ"

"ဟိုလေ ဟာရူတို ဝါတာနာဘီဟာရူတို"

"အာ သူဒီနေ့ကျောင်းမလာဘူး ငါကသူ့သူငယ်ချင်းပါ ဒိုယောင်း ဘာပြောပေးရမလဲ"

"ရပါပြီ သွားခွင့်ပြုပါဦး"

ဒိုယောင်းလှည့်ထွက်သွားတဲ့ ဂျောင်ဝူးရဲ့ကျောင်းသားကတ်ကနာမည်ကိုမှတ်ပြီး ဟာရူတိုဆီစာပို့လိုက်သည်

{ ပတ်ဂျောင်ဝူးဆိုတဲ့ကောင်လေး မင်းကိုလာရှာတယ် ဘာတွေရှုပ်ထားဝာာလဲ }

{ နိူး }

{ ဘာလို့ကျောင်းမလာတာလဲ }

{ ဆာဟီနေမကောင်းလို့ }

ရူတိုဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး သူ့လက်မောင်းပေါ်အိပ်နေတဲ့ဆာဟီကိုနိူးလိုက်သည်

"ဆာဟီထတော့ ဟျောင်းဂျီပြန်လာတော့မယ်"

"အိပ်ချင်သေးတယ်"

"မအိပ်နဲ့တော့ ‌မနက်ထဲကဘာမှမစားရသေးဘူးမလား တစ်ခုခုသွားစားရအောင်ထ"

ရူတို ဆာဟီကိုဆွဲထူကာ အပေါ်ထပ်ဝတ်ပေးပြီး မီးဖိုချောင်ထဲလာလိုက်သည်

" ဘယ်သွားတာလဲ "

" အခန်းငါးဆီ"

"စာပေးခဲ့ပြီလား ဘာပြောလဲ"

"ကျောင်းမလာဘူး"

ဂျောင်ဝူးအညိုရောင်စာအိတ်ကိုလွယ်အိတ်ထဲပြန်ထည့်ပြီး ဖုန်းကြည့်တော့ပေါ်လာတဲ့ ရူတိုရဲ့ Ig update  ။ ဆာဟီဆန်ပြုတ်စားနေပြီးရူတိုရဲ့လက်ကဆာဟီခေါင်းပေါ်မှာ caption ကတော့ emoji တစ်ခုအပြင်ဘာမှမပါလာခဲ့ဘူး။ ဂျောင်ဝူးသက်ပြင်းချလိုက်ပြီးခုံပေါ်လဲအိပ်လိုက်သည်

ꀎꈤꀤ꒦ꏂꋪꌚꏂ (𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎)Where stories live. Discover now