Part 1

1.7K 66 4
                                    

Unicode

        New Generation Hight School ရဲ့အလယ်တန်းကျောင်းသားဘဝ...သူ့ဘဝကအရမ်းရိုးရှင်းပါတယ်..သူ့အဖေက Beta တစ်ယောက်ဖြစ်သလို သူ့အမေကလည်း Beta တစ်ယောက်ပါပဲ...သူတို့မိသားစုလေးရဲ့အခြေအနေကလည်းသာမာန်ဆန်လွန်းတယ်လို့ပြောရမယ်...

"Taehyung မင်းရဲ့မျိုးရိုးဗီဇကိုခန့်မှန်းကြည့်ရအောင် မင်းကသေချာပေါက် Omega ပဲ!"

"....."

"ဟုတ်တယ်လေ လှပတဲ့မျက်ဝန်းမျက်ခုံးတွေနဲ့ ချစ်ဖို့ကောင်းတဲ့အသဲပုံနှုတ်ခမ်းလေး မင်းကသေချာပေါက် Omega ပဲ ငါမှန်းရင်မလွှဲဘူး!!"

    သူ့ရဲ့အိမ်နီးနားချင်းငယ်သူငယ်ချင်းဖြစ်တဲ့ Jimin ရဲ့အသံကြောင့် သူခေါင်းကိုခါလိုက်တာ...

"ပေါက်ကရမပြောနဲ့ မင်းသာဆေးစစ်ချက်ထွက်လာရင် Omega ဖြစ်နေမယ်"

      သူ့ရဲ့အဖေနဲ့အမေက Beta ဖြစ်တာကိုသူက Omega ဖြစ်စရာအကြောင်းမရှိဘူးလေ ဖြစ်ချင်းဖြစ် Jimin ကသာလျှင် ဖြစ်နိုင်သည်ဆိုရမည်...သူ့အဖေက True Alpha ဖြစ်ပေမဲ့ သူ့အမေက Omega တစ်ယောက် သူ့အထက်မှာ အကိုနဲ့အမ နှစ်ယောက်ရှိပြီး နှစ်ယောက်လုံးက Alpha တွေ ဒါကြောင့်လည်း သူကသူ့ကိုယ်သူ Alpha လို့ယုံကြည်တယ်...ဒါပေမဲ့ သူသတိမထားမိတာတစ်ခုက သူ့အကိုရော အမရောက လူကောင်ထွားတယ်ဆိုတာပဲ....

"ဘာကွ!"

"ဟုတ်တယ်လေ မင်းလိုပုပုသေးသေးလေးက ဘယ်လိုလုပ် Alpha ဖြစ်နိုင်မှာလဲ"

      လက်ကလေးပိုက်ပြီး မျက်လုံးမှိတ်ကာ ပြောဆိုလာတဲ့ Taehyung စကားကြောင့် Jimin သွေးအန်ချင်သွားတယ်...

"အဟမ်း~မင်းမယုံလည်းရပါတယ်ကွာ မကြာခင်ဆေးစစ်ချက်ထွက်တော့မှာပဲလေ"

    သူတို့ရဲ့ Second sex ကိုအလယ်တန်းလောက်မှာစစ်ရတယ် အထက်တန်းကိုရောက်ရင်တော့ အကုန်လုံးက Alpha အတန်း Beta အတန်း Omega အတန်းဆိုပြီးခွဲထွက်သွားရော...ဒါဆို သူချစ်နေတဲ့ကောင်မလေးကလည်း ဘာဖြစ်နေမလဲဆိုတာသူစိတ်ဝင်စားမိတယ်...သူမက အရမ်းလှပြီးချစ်ဖို့ကောင်းသလို သူမဘေးမှာလူတွေအများကြီးရှိနေတက်တယ်....ဒါပေမဲ့သူမက အားလုံးထဲမှာမှ ငါ့ကိုရွေးချယ်ခဲ့တယ်...ဒါဘယ်လောက်ဆန်းကျယ်လိုက်တဲ့အချစ်လဲ...

What mean is Love? Where stories live. Discover now