Unicode
Taehyung အိပ်ပျော်ပြီးနိုးလာတော့ နေ့လည် 12 နာရီပင်ရှိနေပြီဖြစ်သည်...သူအတော်လေးအိပ်ပျော်သွားတာပင်...ဒါပေါ့ သူမနက်အစောကြီးထရတဲ့အပြင်ခက်ခဲတဲ့အချိန်တချို့ကိုလည်းသူဖြတ်သန်းခဲ့ရသေးတယ်လေ ဒီတော့ သူ'အား'ပြန်ပြည့်ဖို့ကြာကြာအိပ်ပျော်သွားတာမဆန်းပါဘူး...ဒါပေမဲ့လည်း အိပ်ရာပေါ်သူဆက်ပြီးမလူးလိမ့်သင့်တော့ဘူးဟုတွေးကာ ရေချိုးလိုက်တော့သည်...
ရေငွေ့ရိုက်သောကြောင့်မှုန်ဝါးဝါးဖြစ်နေတဲ့မှန်ကို လက်နဲ့ပွတ်ဆွဲလိုက်ရင်း သူ့ကိုယ်သူကြည့်လိုက်မိသည်...သူ့မှာဘာမှထူးခြားတာမျိုးမရှိတဲ့အပြင်သူကဒီအတိုင်း သာမာန် Beta ယောက်ကျားလေးတစ်ယောက်ပါပဲ...ဒါပေမဲ့ဘာဖြစ်လို့ Alpha တစ်ယောက်နဲ့ တွဲဖက်ဖြစ်လာရတာလဲ....မျက်ဝန်းကိုအောက်ချလိုက်ရင်း လိမ္မော်လိုလိုအညိုရောင်လိုလို Crystal မျက်လုံးလေးကတော့ စိုးရိမ်ကြောင့်ကြမှုတွေများနေခဲ့တယ်...သူအဆင်ပြေပါ့မလား...
"အချစ် ကိုယ်မင်းဝတ်ဖို့အဝတ်အစားထုတ်ပေးထားတယ်"
"အား!!!"
ရေချိုးခန်းထဲက ထွက်လာချင်းချင်းမြင်လိုက်ရသည်မို့လန့်ကာ လက်ထဲက ခေါင်းကိုသုတ်နေတဲ့ပုဝါပင်လွတ်ကျသွားရသည်....
"Oh~!အချစ်ရေ ဘာတွေအဲ့လောက်တောင်တွေးနေရလို့ လန့်နေရတာလဲ"
"ခင်ဗျား ဘာလို့ကျွန်တော်မသိအောင်ကျွန်တော့အခန်းထဲဝင်နေရတာလဲ!!"
"ဒီစံအိမ်မှာရှိတဲ့အခန်းတိုင်းက ကိုယ့်အခန်းပဲလေ"
"......"
'အဲ့လိုကြောင့်နဲ့ပဲ ခင်ဗျားအခန်းထဲလက်လွတ်စပယ်မဝင်ရဘူးလေ'Taehyung ပြုတ်ကျသွားတဲ့ပုဝါကိုပြန်ကောက်လိုက်တော့ Bathrobe မှာရင်ဘက်အနည်းငယ်ဟသွားသည်...
"ကိုယ်မင်းကိုစံအိမ်လိုက်ပြပေးမလို့ပါ"
"လေ့လာရေးခရီးတုန်းက ဆရာတွေပြပေးခဲ့တာပဲလေ"
သူ့စကားကို Jungguk ကခပ်ပြုံးပြုံးလေးပဲကြည့်နေတယ်...ဒါနဲ့ သူဘယ်ကိုကြည့်နေတာလဲ....
"ရား!!နှာဘူးကောင်!!"
"Oh!အချစ် ကိုယ်ကအချစ်ကိုပဲဘူးတာပါ"