Part -20

235 21 0
                                    

Unicode

ဒီရက်ပိုင်း Jungguk အကိုဆိုသူက သူ့ကိုအမြဲလာရှာတယ်...သူကလည်း လုံးဝအတွေ့မခံပါဘူး....အိမ်မက်ဆိုးတွေကလည်း ဆက်တိုက်ဆိုသလို နေ့တိုင်းနီးပါးမက်နေခဲ့တယ်...အဆုံးသတ်တိုင်းကအတူတူကြီးပဲ သွေးတွေပြည့်နေတဲ့ ရေအိုင်ကြီး~

"Jung~"

"အင်း~အချစ်နိုးသွားတာလား~"

အိမ်မက်ဆိုးတွေကြောင့် အိပ်ရေးပျက်နေတဲ့ Taehyung က Jungguk ထက်အရင်အိပ်ရာဝင်လေ့ရှိလာခဲ့တယ်... Taehyung နာရီကိုကြည့်မိတော့ 12 နာရီထိုးနေပြီ.... Jungguk ကတော့ သူ့လည်ဂုတ်နဲ့ပုခုံးတစ်လျှောက်တရှုံ့ရှုံ့နဲ့ငုံ့နမ်းနေတာ....

"ဒီရက်ပိုင်း နောက်ကျတာလား Jungguk ~"

"ကိုယ် Company ကိစ္စလေးတွေ ရှိနေတော့ ခုတလောတော့ နည်းနည်းပင်ပန်းမဲ့ပုံပဲ~နောက်ပိုင်းအဆင်ပြေသွားပါလိမ့်မယ်~"

Jungguk contraction ပိုင်းနဲ့ပတ်သတ်ပြီး sponsor တစ်ယောက်လိုနေတာ...ဒီကိစ္စကအောင်မြင်မယ်ဆိုတာသိတာတောင် ဘယ်သူမှ မရင်းနှီးရဲကြတာက အံ့ဩစရာပဲ.....မတက်နိုင်ဘူး ထပ်ရှာရမှာပေါ့~.....

ပုံမှန်ရက်တွေလိုပဲ Taehyung ကျောင်းဆင်းတော့ jungguk အလာကိုစောင့်နေလိုက်တယ်~....

"Taehyung ငါလိုက်ပို့ပေးရမလား?"

Jimin ကလာမေးပေမဲ့ Taehyung ငြင်းလိုက်တယ်... Jungguk လာကြိုနေကျဆိုတော့ မတွေ့ရင်စိတ်ပူနေလိမ့်မယ်....ဒီနေ့မှ ဘာလို့ကြာနေ တာပါလိမ့်....

"မင်းတို့ပဲကောင်းကောင်းသွားကြတော့~jungguk ကလာကြိုနေကြဆိုတော့ ငါ့ကိုမတွေ့ရင်စိတ်ပူနေလိမ့်မယ်~"

"ဒါပေမဲ့ ဒီနေ့ကြာနေသလားလို့ပါ"

"ကိစ္စတစ်ခုခုရှိလို့ဖြစ်မယ်"

"ဒါဆိုလည်း ငါသွားပြီ အရမ်းနောက်ကျတဲ့ထိမလာသေးရင် ငါ့ကိုဖုန်းဆက်ခေါ်လိုက်"

"ကျေးဇူးပဲ Jimin"

Jimin တို့နဲ့စကားပြောနေတုန်းမှာပဲ ကားတစ်စီးသူ့ရှေ့ဆိုက်ရပ်လာခဲ့တယ်...

"သခင်လေး Kim ~သခင်ငယ်လေးက ဒီနေ့အစည်းအဝေးရှိတာကြောင့် လူလွတ်ပြီးကြိုခိုင်းလိုက်ပါတယ်"

What mean is Love? Where stories live. Discover now