Part9

456 37 1
                                    

Unicode

       Taehyung မျက်လုံးဖွင့်လိုက်တော့ သူ့မျက်စိရှေ့မှာ ကနုတ်ပုံဖော်ထားတဲ့မျက်နှာကျက်ကြီးရယ် ခမ်းနားတဲ့ဖန်မီးအိမ်အကြီးကြီးရယ်ကဆီးကြိုလို့နေသည်....

      သူ့အခန်းမဟုတ်မှန်းသိတော့ သူရုတ်တရပ်ငေါက်ခနဲ'ထ'ထိုင်လိုက်မိတယ်...အနက်ရောင်အိပ်ရာအပြင် အခန်းဖွဲ့စည်းပုံကလည်းရိုးရှင်းကာ အနက်နဲ့အဖြူနှစ်မျိုးသာသုံးထားသည်ပင်...

"နိုးပြီလား"

"Jung..Jungguk.. "

"ကိုယ့်ကိုမကြောက်ပါနဲ့ ကိုယ်အဖြစ်အပျက်အချို့ကိုရှင်းပြပေးနိုင်ပါတယ်"

"ငါ..ငါဒီမှာဆက်မနေနိုင်တော့ဘူး ငါပြန်တော့မယ်"

      Taehyung ထမယ်လုပ်တော့ ထိုလူကသူ့လက်တစ်ဖက်အားဖွဖွလေးလှမ်းဆွဲလိုက်ပြီး သူ့လက်ဖမိုးအားအနမ်းတစ်ပွင့်ခြွေလာခဲ့သည်...

"အချစ်~ကိုယ့်ကိုတစ်ယောက်တည်းထားခဲ့မလို့လား"

     တလတ်လတ်လင်းထိန်နေတဲ့နောက်ကအရှိန်အဝါကြောင့် Taehyung တောင့်ခနဲဖြစ်သွားတယ်...သူ့ကိုအချစ်???လို့ခေါ်လိုက်တာလား???..ပြီးတော့ နောက်ကအလင်းရောင်တွေကဘာလို့ထွက်လာရတာလဲ????
(နောက်ကအလင်းရောင်ထွက်လာတယ်ဆိုတာ Taehyung မြင်ယောင်တာကိုပြောတာပါ)

     Taehyung ရှက်ရှက်နဲ့ပဲ ခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်ရင်း...

'ဒါကမဟုတ်သေးဘူးမလား'

တလတ်လတ်တောက်ပနေတဲ့ Jungguk ရဲ့မျက်နှာကြည့်ရင်း Taehyung မျက်နှာမဲတူးလို့လာသည်...ဒီလိုလုပ်​နေမှတော့ သူကဘယ်လိုငြင်းရတော့မလဲ....

"ငါကမင်းတို့လိုချင်တဲ့ Omega မဟုတ်ဘူး..ပြီးတော့ Omega တွေလိုအနံ့လည်းမထုတ်ဘူး Heat Cycle လည်းရှိမှာမဟုတ်ဘူး.."

"ကိုယ်သိပါတယ်"

      သူ့အသံကခပ်ပြတ်ပြတ်...ဒါပေမဲ့သူ့မျက်နှာက အပြုံးတွေကတော့ အခုထိရှိနေတုန်းပဲလို့ပြောရမယ်...

"အချစ်အခုအဆင်မပြေလည်း နောက်ဆို အဆင်ပြေသွားမှာပါ"

" ငါ Jimin နဲ့စကားပြောချင်တယ်"

What mean is Love? Where stories live. Discover now