Part7

450 38 7
                                    

Unicode

"Hey~"

          သူ့ရှေ့ဝင်ထိုင်လာတဲ့ လူကြီးအားကြည့်ရင်း Taehyung သွေးတက်ချင်သွားတယ်...Jimin ကအကြောင်းအမျိုးမျိုးကြောင့် Jungguk ဆိုသူနဲ့မပတ်သတ်ခိုင်းပေ...သို့သော်ထိုသူကတော့ အဲ့လိုမတွေးထားပုံပင်....

"ဟုတ်ကဲ့ဗျ!"

"ကိုယ်မင်းကို ဒီမှာတစ်ယောက်တည်းထိုင်နေတာတွေ့လို့လာလိုက်တာပါ..ကိုယ့်အပေါ်အာရုံအရမ်းမရောက်လည်းရပါတယ်..ပုံမှန်ဆို မင်းသူငယ်ချင်းက မင်းဘေးမှာအမြဲရှိနေတာလေ"

       Jungguk ဘာကိုဆိုလိုချင်မှန်း Taehyung နားမလည်သည်မို့ ငြိမ်ငြိမ်လေးသာနေ့လည်စာစားရင်း Jimin အားစောင့်နေလိုက်တယ်...သူပွဲမကြည့်ချင်ဘူးလေ...ဒီလူကလည်းဘာကြောင့်သူတို့နဲ့ခဏခဏလာပတ်သတ်နေမှန်းလည်းသူမသိဘူး...

"ကိုယ်ကောလဟာလတစ်ခုကြားဖူးတယ် ဒီအိမ်တော်ကြီးနဲ့ပတ်သတ်လို့လေ"

"...."

"သူတို့ကပြောတယ် ဒီအိမ်တော်မှာ မကောင်းဆိုးဝါးရှိတယ်တဲ့..မင်းဒီကောလဟာလကို ဘယ်လိုထင်လဲ"

     Taehyung ထိုလူပြောစကားကိုအသံတိတ်နားထောင်ရင်း 'ဟုတ်တယ်ရှိတယ် ငါကိုယ်တိုင်မြင်ခဲ့တာ!!' လို့ထအော်ပစ်လိုက်ချင်ပေမဲ့ သူ့စိတ်ကိုချိုးနှိမ့်ထားလိုက်တယ်

"ကျွန်တော်ကတော့ ကောလဟာလကို ကောလဟာလလို့ပဲတွေးပါတယ်"

"ဟက်!"

     ခပ်လှောင်လှောင်ရယ်နေသောထိုသူက အလွန်ဆွဲဆောင်မှုရှိသည်ကတော့အမှန်ပင်..ဒါပေမဲ့ သူ့ဘာလို့အဲ့လိုရယ်နေရတာလဲ...သူပဲပြောတော့ သူ့ကိုအာရုံအရမ်းမစိုက်ပါနဲ့ဆို..အခုတော့ သူငါ့ကိုစိုက်ကြည့်နေတာ အာရုံမစိုက်ပဲငါဘယ်လိုလုပ်နေနိုင်မလဲ...

"မင်း ထပ်ရောက်နေပြန်ပြီ"

"Hello jimin ငါလမ်းကြုံလို့ဒီမှာခဏဝင်ထိုင်နေတာ မင်းသူငယ်ချင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"

      Jimin Taehyung ကိုမျက်စောင်းထိုးတော့ သူဘာပြောရမှန်းတောင်မသိဖြစ်သွားရတယ်...

"ဟုတ်လား..မင်းကိုကြည့်ရင်အမြဲလျှောက်သွားနေတယ်ဆိုတော့ အရမ်းအားနေသလား"

What mean is Love? Where stories live. Discover now