Part8

428 37 4
                                    

Unicode

"Taehyung..Taehyung! "

            Taehyung နိုးလာတော့ သူ့အခန်းထဲက အိပ်ရာပေါ်ရောက်နှင့်နေလေပြီဖြစ်တယ်...သူ့ကိုနှိုးနေတာကတော့ သူ့အခန်းဖော် Male Omega လေးပင်ဖြစ်သည်...

"အာ..ငါဘယ်လိုလုပ်အခန်းထဲပြန်ရောက်နေတာလဲ"

"အဲ့တာတော့ ငါလည်းမသိဘူး ဆရာတွေအားလုံး ငါတို့ကိုအစည်းအဝေးခေါ်လို့အခုသွားရမှာ"

"အော.."

      Taehyung အခန်းထဲက ထွက်လာတော့ လူတော်တော်များများကလည်း ဟောခန်းမကြီးဆီဦးတည်နေကြတယ်....

"ဘာအရေးတကြီးပြောစရာရှိနေလို့ပါလိမ့်"

       Taehyung သူ့အခန်းဖော် Male Omega လေးနဲ့အတူ ခန်းမထဲရောက်တော့ လူတွေကတော်တော်များတယ်ပြောရမယ်...

"ဘာတွေကအဲ့လောက်တောင်အရေးကြီးလို့လဲ?"

"ငါကြားတာတော့ Justin Seagull က သူ့ရဲ့ Mate ကိုဖော်ပြမယ်ဆိုပဲ"

"အော"

      သူ့ရင်ဘက်ထဲ တစ်စုံတစ်ခုက စို့နှင်လာတယ်...

"မင်းက ဒီမှာကို ဘယ်တွေရောက်နေတာလဲလို့"

"အမ်း.."

      Jimin က သူ့ကိုတစ်ချက်ပဲကြည့်ပြီးဘာမှတော့ပြန်မပြောဘူး...Jimin ဘေးမှာတော့ ဖြူစွပ်စွပ်ကောင်လေးတစ်ယောက်...

'Omega တစ်ယောက်လား?'

     ထိုအချိန်မှာပဲ ရုတ်တရပ် search Light ကြီးက သူတည့်တည့်ကိုထိုးလာခဲ့တယ်...လင်းလွန်းလို့ သူအပေါ်ကိုမနည်းကြည့်လိုက်ရသေးတယ်...'ဘာတွေဖြစ်နေတာလဲ'အဲ့အချိန်မှာ Jimin က သူ့ကိုတွန်းထုတ်လိုက်ပြီး ပြေးခိုင်းတယ်...

"ပြေးတော့!!!ပြေး!!!"

"ဘာ..?"

      သူ့အမေးမဆုံးလိုက်ခင်မှာပဲ သူ့အနားကိုပြေးလာနေတဲ့ Alpha အုပ်စုကိုတွေ့လိုက်ရတယ်....

"ငါတားထားမှာမို့ပြေးတော့ Kim Taehyung!!"

       သူကြောင်နေစဥ်မှာပဲ သူ့လက်ကိုဆွဲခေါ်လာတဲ့ ဖြူစွပ်စွပ်လက်တစ်ဖက်....

"ဘာလုပ်နေတာလဲ ပြေးမယ်လေ"

       လူကောင်သေးသေးညှပ်ညှပ်ဖြူဖြူဖျော့ဖျော့လေးပေမဲ့ ပြေးတာများသူနောက်ကမနည်းလိုက်နေရသည်ပင်...

What mean is Love? Where stories live. Discover now