Part-14

339 33 4
                                    

Unicode

တစ်ဖက်မှာလည်း Taehyung အမေက သိသွားခဲ့တယ်...Justin အိမ်တော်ရဲ့ ဒုတိယသားရဲ့ Mate ဟာပေါ်ပေါက်လာပြီဆိုပြီး သတင်းမီဒီယာတွေမှာ ပြန့်နှံ့နေခဲ့တာ...သူမက သတိမထားလိုက်မိတဲ့အချိန်မှာပဲ Taehyung က သူမလက်ထဲကပျောက်ကွယ်သွားတာ....

ဖုန်း Scan ကိုထောင်ပြရင်း Online ပေါ်မှာပလူပျံနေတဲ့သတင်းကိုပြခဲ့လျှင် Jimin ထိတ်လန့်သွားရသည်......

"Jimin ဘာကိစ္စမပြောရတာလဲ"

"Aun..Aunty Kim!"

"Justin အိမ်တော်က ဒုတိယမြောက်သားရဲ့Mate က ငါ့သားမဟုတ်လား ဒီမှာသူ့ရုပ်ကိုဘယ်လောက်ပဲကွယ်ထားကွယ်ထား ငါ့သားကိုတော့ငါမှတ်မိတယ်"

"ကျွန်..ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော် Aunty Kim ကိုပြောမလို့ပါပဲ ဒါပေမဲ့ သူနဲ့ကလည်းအဆက်အသွယ်ပြတ်.."

"ဘာဖြစ်တယ်!!"

"....."

"ဒီတော့ ဒီကြားထဲ မင်းတို့ဖုန်းနဲ့တောင်အဆက်အသွယ်မရကြဘူးပေါ့!!"

Jimin စကားတို့အား ကြားပြီးတဲ့နောက်မှာတော့ Taehyung အမေက အလွန်ထိတ်လန့်ကာ အသက်ရှုမဝသလို သူမနှလုံးသားလေးပါဖျစ်ညစ်ခံထားရသလိုခံစားလာရသည်.....

"အာ့!"

"Aunty Kim! "

သူမ ရင်ဘက်ကိုဆုပ်ကိုင်ရင်း အသက်ပြင်းပြင်းရှုသွင်းလိုက်တယ်...ဘယ်အရာကစမှားသွားတာလဲ...ငါဘယ်လောက်တောင် အဲ့ကောင်လက်ထဲကဆွဲထုတ်လာခဲ့ရလိုက်သလဲ...အဲ့ဒီစံအိမ်ကကိုမလွတ်မြောက်နိုင်ဘူးလား...Kim Taehyung ရဲ့ကံကြမ္မာကိုက အဲ့စံအိမ်နဲ့ပတ်သတ်နေခဲ့တာ....

Kim Taehyung 3 နှစ်အရွယ်တုန်းက သူတို့အဲ့အိမ်ကိုစီးပွားဖက်အနေနဲ့သွားခဲ့တယ်...ဒါပေမဲ့ ဘယ်ကဘယ်လို အဲ့ကောင်လေးနဲ့သိသွားခဲ့လည်းမသိပေမဲ့ Kim Taehyung က တဖြည်းဖြည်းပြောင်းလဲလာတာပဲ...

"အား!အမေ သားနာတယ်!"

ရေချိုးပေးတော့ သူမသားရဲ့လည်ပင်းမှာကိုက်ရာတွေကြောင့် သူမအလွန်ထိတ်လန့်သွားရတယ်....

"သား ဒီဒဏ်ရာကိုဘယ်သူပေးတာလဲ"

"Hyung ~"

"သူသားကို ဒီထက်ပိုပြီးတစ်ခုခုလုပ်သေးလား"

What mean is Love? Where stories live. Discover now