Part 3

598 38 3
                                    

Unicode

လေညင်းလေးတွေက ပြေပြေလေးတိုက်ခိုက်ရင်း သူမျက်နှာတစ်လျှောက်ဖြတ်နေတာကိုအသွေးအသားထဲကခံစားမိသလို သူ့ဆံနွယ်လေးတွေကလည်းလေပြေလေးတွေနဲ့ရောနှောနေတယ်...သူ့ခန္ဓကိုယ်တစ်ခုလုံးပေါ့ပါးနေသလိုခံစားရပြီး တစ်စုံတစ်ခုပေါ်မှာသူအိပ်နေတယ်...နွေးထွေးတဲ့လေငွေ့လေးကသူ့အနားတိုးကပ်လာရင်း...

"Wake Up~"
.
.
.
.
.
.
.
.
.
.
.
.
.

"Taehyung သားထတော့ Jimin သားကိုစောင့်နေတယ်"

သူရှုပ်ပွနေတဲ့ အိပ်ရာထဲကကောက်ထရင်း ပျင်းတိပျင်းရွဲရေချိုးခန်းဆီဦးတည်လိုက်တယ်....အခု သူတို့က University ကျောင်းသားတွေဖြစ်နေကြပြီ ကြားထဲမှာဖြတ်ကျော်လာခဲ့ရတဲ့အချိန်ကာလတွေမှာ သူတို့တစ်ဦးချင်းစီရဲ့အတိတ်တွေရှိနေခဲ့တယ်...မေ့ဖျောက်လို့မရတဲ့အတိတ်တွေပေါ့...လွန်ခဲ့တဲ့ 4 နှစ်က Jusel က Omega တစ်ယောက်ဖြစ်နေမှန်းငါသိခဲ့တယ်...ငါအမေပြောတာကိုတစ်ခါမှနားမလည်ခဲ့ပေမဲ့ အဲ့နေ့မှာငါနားလည်သွားခဲ့တယ်...ငါထင်တာ ငါက Beta တစ်ယောက်ဖြစ်နေရင်တောင် အဆင်ပြေမှာပါလို့လေ...သူမရဲ့ Heat ကာလကိုငါမဟုတ်တဲ့ တခြား Alpha တစ်ယောက်နဲ့ဖြတ်သန်းရလိမ့်မယ်လို့မတွေးခဲ့ဖူးဘူး...ငါသူမကိုကူညီချင်ခဲ့ပေမဲ့ သူမအတွက် အဆင်မပြေခဲ့ဘူး...အဲ့အစား သူမကိုငါအိမ်ပြန်ပို့ပေးခဲ့ရတယ်...အဲ့အချိန်မှာ ငါတွေးခဲ့တာက Omega တစ်ယောက်က Beta တစ်ယောက်ရဲ့တွဲဖက်မဖြစ်နိုင်ဘူးဆိုတာပဲ...ဘာကကွဲလွှဲသွားရတာလဲဆိုတော့...Phromones တွေကြောင့်ပဲမို့လား...Beta တွေက ဘာအနံ့မှမရသလို ဘာအနံ့မှလည်းမထုတ်လွှတ်နိုင်ဘူး...သူက Jusel ရဲ့ကောင်လေးဖြစ်နေတာတောင် သူမကိုစိတ်ကျေနပ်မှုမပေးနိုင်ခဲ့ဘူး...သူ Jusel နဲ့လမ်းခွဲလိုက်ပြီး Alpha တစ်ယောက်နဲ့ပဲတွဲသင့်တဲ့ကြောင်းပြောခဲ့တယ်...သူကိုယ်တိုင်ကတော့ နောက်ထပ်ချစ်မိမှာကိုကြောက်နေမိတယ်...အခုဆို သူမလက်ထပ်သွားတာ 6လလောက်ပဲရှိဦးမယ်...အခုသူမပျော်နေပါပြီ သူမမှာ သူမကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ Alpha Mate တစ်ယောက်ရှိနေပြီး သူမအပေါ်လည်းနွေးထွေးတဲ့ Phromones တွေနဲ့သက်သောင့်သက်သာဖြစ်အောင်လွှမ်းခြုံပေးနိုင်တဲ့သူတစ်ယောက်ရှိနေပြီမို့ သူဝမ်းသာရပါတယ်... ဒါက သူပြည့်ဖုံးကားချလိုက်တဲ့သူ့ရဲ့အတိတ်ပါပဲ... Jimin က Alpha လူပျိုဖော်ဝင်တည်းက အားလုံးရဲ့ခပ်ဝေးဝေးမှာပဲနေဖြစ်တော့တယ်ပြောရမယ်....သူ့ကိုအခုလိုမြင်ရတော့လည်းစိတ်မကောင်းပေမဲ့ သူ့ရဲ့စိတ်ဒဏ်ရာက ကုသလို့မှမရတော့ပဲလေ...အခုထိJimin ရဲ့အနီးဆုံးအဖြစ်ကပ်ခွင့်ရတာ သူတစ်ယောက်ပဲရှိတယ်ပြောရမယ်....

What mean is Love? Where stories live. Discover now