Unicode
"ဒုန်း!!"
သူတို့တိုက်နေတာ နာရီဝက်လောက်ရှိနေပြီ တိုက်ပွဲကမပြီးဆုံးသေးတဲ့အပြင် တဖြည်းဖြည်းပိုပြီးတော့ပင် ပြင်းထန်လာကာ အပေါ်ထပ်ကိုပင်ရောက်လာခဲ့လေပြီ ~ရဲတွေလည်း ဝင်မပါနိုင်တာကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကာ အန္တရာယ်ကင်းမဲ့နေရာကသာ စောင့်ကြည့်နေရတော့သည်ပင်~ဒီတိုက်ပွဲက သူတို့ဝင်ပါလို့ရတဲ့အရာမျိုးမဟုတ်ဘူး~အခြေအနေမကောင်းရင်တော့ အရဲစွန့်ပြီးဝင်ရမှာပေါ့~
"ဒုန်း!!ဒုန်း!!!ဒုန်း!!!!"
Jungguk ကို အမဲရောင်လက်တွေနဲ့ ဆက်တိုက် နံရံမှာပစ်ပေါက်ကာ သတ်နေပေမဲ့ သုံးချက်မြောက်မှာပဲ jungguk က သူ့ရဲ့လက်တွေကို ဖမ်းချုပ်ပြီး စုတ်ဖြဲပစ်လိုက်တာ~
"ကျစ်!"
"ဖုန်း!!!"ဒုန်းးးး!!!!....
အမှီးနဲ့အားပြင်းပြင်းရိုက်ချက်ကြောင့် Jason အမြင့်တစ်နေရာမှာသွားစောင့်မိလေလျှင် jungguk လျှင်မြန်တဲ့အရှိန်နှုန်းနဲ့ Jason ရှိမဲ့နေရာကို အားပြင်းပြင်းလက်သီးထိုးချလိုက်ပေမဲ့ Jason က အရိပ်လိုမျိုးအလွန်လျင်မြန်စွာ ရှောင်လိုက်နိုင်ပြန်သည်~ရိပ်ခနဲမြင်တာနဲ့ jungguk သူ့လက်တတောင်ဆစ်ကနေတောက်လျှောက်ဆူးအချောင်းတွေထုတ်ကာ ပစ်နေတာ တချို့နေရာတွေဆို ပြိုကျတဲ့အထိ အားပြင်းသည်~
Jason အတွက် jungguk ကမမျှော်လင့်ထားတာမို့ သူဘယ်လိုဖြေရှင်းရမလဲအခက်တွေ့နေတော့တာပါပဲ~စိတ်ရိုင်းဝင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်လို နီရဲနေတဲ့မျက်ဝန်းတွေနဲ့မဲမဲမြင်ရာ သတ်ဖြတ်နေတာ~
Jason သူ့ရဲ့လက်တွေကို ဓားအသွင်ပြောင်းပြီး jungguk နောက်ကျောကနေပုန်းနေရာက လက်ဖမိုး လက်မောင်း ရင်ဘက် ဗိုက် ခြေထောက်တွေကအစထိုးဖောက်ပစ်လိုက်ပြီး နံရံမှာကပ်လိုက်ချိန်မှာပဲ Black Luna ကသူတို့ကြားထဲ အဖြူရောင်အငွေ့လေးကိုင်ပြီး ညင်သာစွာ လမ်းလျှောက်လာခဲ့တယ်~တည်တည်ငြိမ်ငြိမ်လေးနဲ့ သူ့ဘက်ကို မျက်နှာမူပြီးမလှမ်းမကမ်းမှာရပ်ရင်း မျက်ဝန်းတွေကိုလည်းမှိတ်ထားတယ်~သူ့ကိုကြည့်ရတာ ညရဲ့အလှတရားလိုပဲ တစ်လတ်လတ်တောက်ပနေတဲ့ခန္ဓာကိုယ်နဲ့နက်ပြာရောင်ဆံပင်တွေက တလွင့်လွင့်ဖြစ်နေတာ~သူ့ကိုတည့်တည့်စိုက်ကြည့်မိတဲ့ Jason ကညို့ယူခံလိုက်ရသလိုမျိုး Luna ဆီကိုတဖြည်းဖြည်း ချင်းကပ်မိတယ်~