Unicode
နောက်တစ်နေ့မှာတော့ Jimin က မိဘမဲ့ဂေဟာကျောင်းမှာ အလှူလုပ်ဖို့ သူ့ကိုခေါ်တယ်... သူရဲ့Alpha ဖြစ်တဲ့ဂုဏ်ပြုပွဲကျင်းပမှုကြောင့် တညလုံး သူညမအိပ်ပဲဂိမ်းဆော့ပေးလိုက်ရသေးသည်အထိပင်...
"သား Tae လေးက Jimin နဲ့အတူအနောက်မှာထိုင်လိုက်နော်"
" ဟုတ်ကဲ့ အန်တီ"
Australians Tesla Car Model အနက်လေးက ခပ်မိုက်မိုက်ခပ်ဖြည်းဖြည်းလေး နဲ့ မိဘမဲ့ဂေဟာကျောင်းလေးကိုရောက်လာခဲ့တယ်...ကျောင်းလေးက လှူဒါန်းသူတွေရှိတာမို့အတော်အတင့်တော့ကြည့်ကောင်းကာ ကလေးများက ဟိုတစ်စုဒီတစ်စု....
"အမေတို့ ကျောင်းဆရာမ နဲ့သွားတွေ့ဦးမယ် အပြင်ကိုတော့မထွက်နဲ့ လျှောက်ကြည့်လို့တော့ရတယ်"
Jimin အမေပြောအပြီးမှာ Jimin က Taehyung လက်ကိုဆွဲပြီး တစ်နေရာသို့ခေါ်သွားသည်မို့ Taehyung မှာ Jimin ဆွဲခေါ်ရာနောက်အူလည်လည်ရုပ်နဲ့လိုက်လာမိသည်....သူခေါ်သွားတဲ့နေရာက ဘုရားကျောင်းအနောက်ဘက်က ပန်းဥယျောဥ်လေးတစ်ခု...ဥယျောဥ်လေးက ပန်းအမျိုးအစားတော်တော်စုံတယ်ပြောရမယ်...
"အဲ့တာ လသာဆောင်မလား!"
ဥယျောဥ်ကအတော်အသင့်ကျယ်ဝန်းကာ ထိုအလယ်တွင်လသာဆောင်လေးတစ်ခုတည်ဆောက်ထားသေးသည်...Taehyung ဝမ်းသာအားရပန်းခင်းထဲအပြေးသွားပြီး အဆောင်လေးထဲအမြန်ခိုလှုံလိုက်သည်...သူကသဘာဝတွေကိုချစ်မြတ်နိုးတယ်...Beta တွေရဲ့မျိုးရိုးဗီဇကိုက သဘာဝကိုမြတ်နိုးတယ်ပြောရမလား...သူတို့က Alpha/Omega တွေလိုအခွင့်အရေးမရကြပေမဲ့ Alpha/Omega တွေကို တန်ဖိုးထားပြီးအလေးပေးဆက်ဆံနေကြဆဲပဲ...
"ငါမင်းကိုအံသြစရာကောင်းတာတစ်ခုပြမယ်"
Taehyung ကြောင်ကြည့်နေတုန်းမှာပဲ Jimin က ကျားသစ်တစ်ကောင်အသွင်ကိုပြောင်းသွားခဲ့တယ်...မဲနက်တဲ့ကိုယ်ထည်ရယ် နီရဲနေတဲ့မျက်စံတွေရယ် တစ်ခေါက်တစ်ခေါက်နှာမှုတ်သံကိုလည်းသူကြားရသေးတယ်...ဒါဆိုဒါက Jimin ရဲ့ Alpha ပေါ့...
"အကြီးကြီးပဲ!!"
ကျားသစ်ကြီးက သူ့ 3 ကိုယ်စာလောက်ရှိကာ သူ့ကိုယ်သူပင်လူသေးသေးလေးလိုခံစားလိုက်ရသည်အထိပင်....