Part4

533 41 3
                                    

Unicode

" Taehyung ထတော့ ငါတို့ရောက်ပြီ!"

ဘေးနားက Minho ရဲ့စကားကြောင့် သူကားအပြင်ကိုစူးစမ်းကြည့်တော့ ခမ်းနားလှတဲ့အိမ်တော့ကြီးတစ်ခုက တော်ဝင်ဆန်ကာ လှပနေသည်....

"Justin အိမ်တော်က တကယ်ကိုခမ်းနားတာပဲ"

"သူတို့ရဲ့ချမ်းသာကြွယ်ဝမှုက အလကားပြန့်နှံ့နေတာမှမဟုတ်ပဲ"

လူတချို့ရဲ့တီးတိုးရေရွတ်သံတွေကိုနားထောင်မိရင်း သူ့ရှေ့ရောက်လာတဲ့ အနီရောင်ဘွတ်ဖိနပ်တစ်စုံ....

" မဆင်းဘဲဘာလုပ်နေတာလဲ"

collen ပါ shirt အဖြူကိုလက်တစ်ဝက်ထိခေါက်တင်ထားပြီး ဂျင်းနက်ရယ် ဘွတ်ဖိနပ်အနီရယ်က လိုက်ဖက်လှသည် အမှန်က သူ့မျက်ဝန်းတွေကြောင့်ဆိုပိုမှန်မည်....Jimin ရဲ့မျက်လုံးက Crystal Grey လိုမျိုးစိုက်ကြည့်မိရင်တော့ ရုန်းထွက်ဖို့ခက်ခဲသည်...သူကတော့ အညိုရောင်မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသည်...မျက်စံအနက်ကို ဝန်းရံထားတဲ့အညိုရောင်လေးတွေက နေရောင်ခြည်ထဲမှာဆို တောက်နေသည်ဟု Jiminပြောဖူးသည်.....

"မင်းငါ့နားပဲကပ်မနေပဲ မင်းအတန်းကလူတွေနဲ့နေသင့်တယ်"

"ကျစ်!ရှုပ်ရှုပ်ရှပ်ရှပ် အဲ့ကြောင့်လေ့လာရေးခရီးတွေမလိုက်ချင်တာ"

ခေါင်းကုတ်ရင်း စိတ်ပျက်ပျက်နဲ့ထွက်သွားတဲ့ Jimin ကို Taehyung လည်းမပြုံးချင်ပြုံးချင်သာပြုံးပြနေသည်....ခဏအကြာ Major ဆရာတွေက ကိုယ်အတန်းကိုယ်တာဝန်ယူကာ စုဝေးပြီး မဲနှိက်ရသည်...နံပါတ်တူကျလျှင် တစ်ခန်းအတူနေရမည်....

Taehyung တခြား Male Omega တစ်ယောက်နဲ့အခန်းတူနေရပြီး အခန်းတွင်းပစ္စည်းများအားနေရာတကျချနေသည်...သူတို့ဒီမှာ 1 ပတ်လောက်နေရမယ်လို့အသံကြားသည်....ဒီကြားထဲ သူတို့ Justin ပိုင်တဲ့ကျောင်းတွေကိုလည်းလေ့လာရမယ်လို့ကြားထားသေးသည်ပင်....

"Oh?Taehyung မင်းကို Jimin က ထမင်းစာဆောင်ကိုလာခိုင်းနေတယ်"

"ဟင်?ငါမှ ထမင်းစားဆောင်မသိတာ"

"အဲ့တာက လွယ်ပါတယ် ဒီကထွက်ရင် တည့်တည့်သွား ပြီးတော့ ညာဘက်ကိုကွေ့ ပြီးရင်ဘယ်ချိုး ပြီးရင်ထပ်ပြီးညာချိုးလိုက် တည့်တည့်သွားပြီးရင် ဘယ်ထပ်ချိုးလိုက် အဲ့ဆိုရောက်ပြီ"

What mean is Love? Where stories live. Discover now