Unicode
Taehyung နိုးလာတော့ ညနေစောင်းပင်ရောက်လို့နေပြီဖြစ်သလို သူ့ရှေ့တွင်တော့ မိန့်မိန့်ကြီးထိုင်ကာစိုက်ကြည့်နေတဲ့ Park Jimin ရှိနေလေရဲ့....
"ထမင်းစားဆောင်လာခိုင်းတာကို ဘယ်လိုဖြစ်လို့အိပ်ရာထဲရောက်သွားရတာလဲ?!"
"အာ..အဲ့ဒါက.."
"ပြီးတော့ ညနေဘက်မအိပ်ရဘူးဆိုတာမသိဘူးလား အဲ့အချိန်အိပ်ရင်ဖျားမယ်ဆိုတာမသိရအောင်မင်းက ကလေးလား!"
" အခုဘယ်အချိန်ရှိပြီလဲ?"
" ည7 နာရီရှိပြီ..ငါဆရာတွေကိုပြောပေးထားတာမို့စိတ်ပူမနေနဲ့"
" အမ်း..."
" ရော့ ဒီမှာမုန့်!အဲ့ဒါစားပြီးဆေးသောက်လိုက်...တကယ်ပဲ ငါသွားပြီ"
ဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့ Jimin နောက်ကျောကြည့်ရင်း Taehyung မကျေမချမ်းရေရွတ်လိုက်သည်က...
"ငါဖျားချင်တာမှမဟုတ်တာ သူ့ဘာသာဖျားတာကို တကယ်ပဲ နားငြီးတဲ့အဘိုးကြီး!"
မုန်းလည်းစားရင်း ကျိန်ဆဲရင်းနဲ့ ထိုနေ့တစ်နေ့သာက ကုန်သွားတော့သည်.....
.
.
.
.
.
.
.
.
.
.
.
.
.Taehyung မနေ့ကအကြောင်းကိုပြန်စဥ်းစားမိတော့ မနေ့ကတွေ့ခဲ့တဲ့အကောင်က ဘာအကောင်မှန်းသူစဥ်းစားမရပေ...အဲ့အကောင်ကြီးက မတ်တပ်ရပ်နိုင်ပြီးတော့ ကျွဲဂျိုအကြီးကြီးကလည်းရှိသေးတယ်...ဒါအပြင် ကြောင်တို့ကျားသစ်တို့ကျားတို့လို ညဘက်လင်းတဲ့မျက်ဝန်းတစ်စုံကလည်းပါနေသေးသည်ပင်... အတွေးတစ်ချို့နဲ့နယ်ချဲ့နေစဥ် ဒုန်းကနဲဖွင့်သွားတဲ့တံခါးတစ်ချက်ကြောင့် လန့်သွားရသည်မှာအမှန်...ဘယ်အကောင်ကအဲ့လောက်ကြမ်းနေရတာလဲ...အကြောင်းကတော့ သူနဲ့တစ်ခန်းထဲကျတဲ့ Male Omega ရဲ့Mate ပင်....
"အချစ်~အဆင်ပြေရဲ့လား"
" အာ~အဲ့လိုမလုပ်ပါနဲ့ သူများရှိနေတာကို"
ထိုအချစ်ငှက်နှစ်ကောင်သည် Taehyung အား အခန်းပြင်ပသို့ပထုတ်လိုက်သည်ပင်....
"တကယ်ပါပဲ အတွဲတွေများ"
"သူတို့က တောင်ဆိတ်တွေလေ"