Part6

507 36 5
                                    

Unicode

" သူတို့က မြောက်ဘက်ကလာတဲ့ ပထမဆုံး Wolf မျိုးနွယ်တွေပဲ"

       ထိုစကားကိုကြားလိုက်ရတော့ တချို့က အံ့သြကြသလို တချို့ကတော့သိကြောင်းပြတယ်...ဒါကသိပ်ထူးဆန်းတဲ့အရာတော့မဟုတ်ပေ...မြောက်ပိုင်း Wolf တချို့တောင်ပိုင်းကိုခိုလှုံကြသည်ဖြစ်ရာ တောင်ပိုင်းနဲ့မြောက်ပိုင်းသည်လည်းမတည့်ကြပေ...Justin သည်မြောက်ပိုင်း Wolf မျိုးနွယ်ဖြစ်ကာ သူ၏မိန်းမသည် တောင်ပိုင်း မျိုးနွယ်ဖြစ်သည်...သူ၏အချစ်ကြောင့် သူဟာ တောင်ပိုင်းမျိုးနွယ်အဖြစ်ခံယူလိုက်ခြင်းဖြစ်သော်ငြား တချို့ဓလေ့ထုံးစံများကိုတော့ သူတို့ပစ်ပယ်၍မရပေ ယခုထိလိုက်နာနေရသေးသည်ပင်....

"ဒါကြောင့်သူတို့ဆီမှာ တချို့ဓလေ့ထုံးတမ်းတွေက မြောက်ပိုင်းဘက်ကိုရောက်ချင်ရောက်နေလိမ့်မယ်...ဒီတော့ ငါတို့မြောက်ပိုင်းရဲ့ဓလေ့ထုံးတမ်းတချို့ကိုလေ့လာကြတာပေါ့"

"အဲ့တာက ဘာစိတ်ဝင်စားစရာကောင်းလို့လဲ?"(တီးတိုးပြော)

"ပါးစပ်ပိတ်ထား ငါပြသာနာမတက်ချင်ဘူး"(တီးတိုးပြော)

      ဆရာတွေကရှင်းပြနေပေမယ့် သူတို့ကတော့အောက်မှာတွတ်တိုးနေကြတော့တာပါပဲ....

"သူတို့ဆီမှာ Omega တွေက အိမ်ထဲကအိမ်ပြင်ထွက်ခွင့်မရှိဘူး...သူတို့ရဲ့ Second sexual ဗီဇပေါ်လာတာနဲ့ Omega တွေက အရွယ်မရောက်သေးလည်း Alpha တွေနဲ့လက်ထပ်ရတယ် ဒါကချမှတ်ထားတဲ့စည်းကမ်းတစ်ခုပဲ"

"Mate ရှိရဲ့သားနဲ့ မတော်တဆဖြစ်စေ ရည်ရွယ်ချက်ရှိရှိဖြစ်စေ တခြားအဖော်တစ်ယောက်နဲ့အတူအိပ်မိရင် ပြစ်ဒဏ်ပေးတယ်"

"ဒါကနည်းနည်းများသွားပြီ Omega တွေက လူမှုအခွင့်အရေးကိုဆုံးရှုံးတာပဲ"

"ဒါပေါ့ သူတို့ဆီမှာ Omega တစ်ယောက်ရဲ့တန်ကြေးက အရမ်းများလွန်တယ် ပြီးတော့ Omega တွေက ဦးဆောင်ခွင့်မရှိဘူး"

   Taehyung Jimin နဲ့တွတ်ထိုးနေရင်း စိတ်ဝင်စားစရာတစ်ခုတွေ့ခဲ့တယ်....

"ဒါကဘာကိုပြချင်တာလဲဆရာ"

       ပန်းချီကားတစ်ချပ် လူရုပ်ပုံတစ်ပုံဆိုတာထက် ထိုလူကိုဆေးသုပ်ထားတာက သူ့အရောင်နဲ့သူမဟုတ်ပဲ အရောင်တွေအများကြီးနဲ့ခြယ်သထားတယ်...ဘေးနားမှာလက်တွေကလည်းအများကြီးပဲ....

What mean is Love? Where stories live. Discover now