Unicode
နေ့ရက်တွေကတရွေ့ရွေ့ကုန်ဆုံးလာသလို Taehyung နဲ့ Jungguk တို့ရဲ့ဆက်ဆံကလည်းအရင်ကထက်တဖြည်းဖြည်းပိုပိုရင်းနှီးလာကြတယ်....မနက်တိုင်း Jungguk က Taehyung ထက်စောစောထပြီး လေ့ကျင့်ခန်းလုပ်လေ့ရှိသလို ထယ်ယောင်းနိုးခါနီးအချိန်တိုင်းလည်း အမြဲလာလာနိုးပေးတက်သေးသည်...ထို့အတူ ထယ်ယောင်းကလည်း မတက်တစ်ခေါက်လေးနဲ့ မနက်စာကို Jungguk နဲ့အတူတူပြင်ကာ မနက်စာအတူစားလေ့ရှိသည်... ကျောင်းရောက်တဲ့အခါ ထယ်ယောင်းက စာတွေကိုသေချာလေ့လာမှတ်သားနေသလို တစ်ဖက်က Jungguk မှာလည်း အလုပ်ချိန်တွေသေချာငြိရင်း တဖက်ကနေလည်း ကျောင်းစာကိုလိုက်ရသည်ပင်....
ဒေါက်!ဒေါက်!!
"ဝင်ခဲ့ပါ!"
Taehyung ဝင်လာတော့ Jungguk က စားပွဲပေါ်မှာစာအုပ်ပွရှုပ်နေပြီး ခေါင်းစိုက်လို့နေသည်....သို့သော် တံခါးဖွင့်လိုက်တာနဲ့သင်းခနဲဝင်လာတဲ့ ကိုယ်သင်းရနံ့လေးကြောင့် jungguk ခေါင်းလေးထောင်သွားရသည်...
"အနှောင့်အယှက်ပေးသလို ဖြစ်သွားလား jung~"
Jungguk ကမျက်မှောင်ကြီးကျုံ့ရင်း မျက်ရိုးတို့ကိုနှိပ်ကာ ထယ်ယောင်းကိုအနားလာဖို့ လက်ယှက်ခေါ်တော့ ထယ်ယောင်း စိုးရိမ်သွားရကာ အကြောလျော့ပေးမည်ဟုတွေးလိုက်ပြီး စားပွဲပေါ် နွားနို့ခွက်လေးအမြန်တင်လိုက်လျှင် စွေ့ခနဲ သူ့ပေါင်ပေါ်ဆွဲချထိုင်စေတာ....
"ရား!"
"အွမ်းးးးအာ့ရှ်~"
သူ့လည်ဂုတ်ပေါ် ခေါင်းအပ်ရင်း အသံမြည်တဲ့အထိ မွှေးကြူလာလျှင် Taehyung မျက်နှာနီရဲသွားရကာ ငြိမ်နေမိတယ်....
"အခုမှပဲ စိတ်သက်သာရာရတော့တယ်~"
"......."
"အချစ်က ကိုယ့်အတွက် အားဆေးလေးပဲသိလား~"
"Jungguk ငါ့ဆီက ဘာအနံ့မှရမှာမဟုတ်ဘူး မင်းနမ်းနေတာ ရပ်တော့!"
"ဘယ်သူပြောလဲ~အချစ်ဆီမှာ အနံ့မရှိဘူးလို့!"
"......."
"ကိုယ်က pheromones နံ့တွေထက် မင်းရဲ့ကိုယ်သင်းနံ့လေးကိုပိုကြိုက်တာ~"