Unicode
ညနေဘက်ကျောင်းဆင်းချိန်ရောက်တော့ Jungguk ကျောင်းပေါက်ဝမှာကားကိုအမှီပြုရင်းမတ်တပ်လေးရပ်နေခဲ့တယ်....
"Jungguk ကမင်းကိုလာကြိုတာလား"
"အမ်း..ငါပြောတယ် အဲ့လိုလုပ်စရာမလိုဘူးလို့...ဒါပေမဲ့သူကလည်း တက္ကသိုလ်တက်နေတုန်းဆိုတော့ အပြန်လမ်းကြုံလို့တဲ့"
"......"
"အိမ်ပြန်ရောက်ရင် ငါဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား!"
"အင်း!"
Jimin တို့နဲ့စကားမြန်မြန်အပြတ်ဖြတ်ရင်း Taehyung Jungguk ဆီအမြန်သွားလိုက်တယ်...
"အချစ်~ရောက်ပြီဆိုတော့ သွားရအောင်"
"ခဏလေး Jungguk~ ငါပြောစရာရှိသေးတယ်"
"အွင်?ဘာလဲ?"
"ငါ့ဖုန်းကိုပြန်ပေးဦး"
"အာ~ဟုတ်သား!အချစ်ရဲ့ဖုန်းလေး~ကိုယ်အိမ်ပြန်ရောက်ရင်ပေးမယ်ဟုတ်ပြီလား"
Jungguk သူ့အတွက် ကားတံခါးတွေပါ ဖွင့်ပေးတော့ တခြားသူများက လှည့်ကြည့်လှည့်ကြည့်ဖြင့်....မနေသာတဲ့ Taehyung ကားပေါ်မြန်မြန်တက်ပြီး ခါးပတ်ပတ်လိုက်တော့တယ်....
"ခင်ဗျား!အဲ့လိုမလုပ်လို့မရဘူးလား!"
(တီးတိုးပြော)"ဘာကိုလဲ?"
"ခင်ဗျားပေါက်ကရမလုပ်နဲ့!ခင်ဗျားမရှက်လည်းကျွန်တော်ရှက်တယ်!"
"အို!အချစ်ကလည်း ဒါမှ အချစ်က ကိုယ့်အပိုင်ဆိုတာလူတိုင်းသိမှာပေါ့"
"သတင်းထဲမှာတောင်ကြေငြာပြီးသားပဲကို!"
"သတင်းမကြည့်မိတဲ့လူရှိမှာဆိုးလို့ပါ~"
"ခင်ဗျားက ပိုကိုပိုတယ်"
"ချစ်တက်လာတာကိုဗျာ~"
တငြိမ့်ငြိမ့်တီးလုံးသံစဥ်များနဲ့သူတို့စထွက်လိုက်ကြတော့တယ်....
"ဟွန့်!Kim Taehyung တို့များ လင်နောက်မလိုက်ချင်ရှာဘူး ကောက်ကောက်ပါအောင်လိုက်သွားတယ်"
"အချစ်ပဲကိုး"
ဘေးကအဖြူလုံးလေးပြောတော့ သူမျက်လုံးလေးစွေ့ပြီးကြည့်မိတယ် အဖြူလုံးလေးက Kim Taehyung ကိုအားကျနေတဲ့မျက်ဝန်းအပြည့်နဲ့ကြည့်နေတာ.....သူလည်းဘာမှမပြောမိဘဲ တိတ်တဆိတ်သာ ထွက်သွားပြီဖြစ်တဲ့ကားလေးကိုဆွေးဆွေးမြေ့မြေ့သာကြည့်နေမိတယ်....