#Unicode
" ကင်မ်ထယ်ယောင်း ငါခေါ်နေတာ အခုချက်ချင်းပြန်လာခဲ့!! မဟုတ်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိပါတယ်"
ထို ခြိမ်းခြောက်စကားမည်သည့် အမိန့်ပေးသံတစ်ခုကို ဂရုမစိုက်ချင်တော့။
လွတ်မြောက်ချင်နေပြီ..
ဒီလူရဲ့ အိမ်.. သူပေးတဲ့ အ၀တ်အထည်တွေ အစားအသောက်တွေဟာ ပျိုမဒီတွေအတွက်ဆိုရင်တော့ တန်းတန်းစွဲဖြစ်ချင်စရာ Brand တွေချည်း။ဒါပေမယ့်..ဒါပေမယ့်လို့ ကျနော်မနှစ်သက်တော့ဘူး
စိတ်ပျက်စရာကောင်းတဲ့ အိမ်ကြီးထဲမှာ မနေချင်တော့ဘူး။
အသက်ရှူနေရလို့ အသက်ရှင်နေပေမယ့် သေလူနဲ့မထူးမခြားနား။
သူ့ဘ၀ဟာ လူနဲ့မတူတဲ့ ကော်ပတ်ရုပ်လေးတစ်ရုပ်လိုပဲ..ပျင်းလာရင်ဆော့ကစားပြီး ငြီးငွေ့လာရင် ဂျောင်ထိုးခံရသလိုပေါ့။
ခင်ဗျားလို ရွံစရာကောင်ရဲ့ အရိပ်အောက်ကနေ ဝေးရာကိုထွက်သွားချင်နေပြီ။
ထပ်ပြီး ခြေမချချင်လောက်အောင်ပါပဲ..
မချစ်လို့လား? မဟုတ်ဘူး။
ခင်ဗျားက ကျွန်တော့်အချစ်နဲ့မတန်လို့..။"ကင်မ်ထယ်ယောင်း ငါခေါ်နေတာကြားလား!! မင်းစကားပြန်ပြောဖို့ စောက်ပါးစပ်က အ နေတာလားဟမ်? ငါ့ဒေါသကိုလာမဆွနဲ့ ..
ပြန်မလာဘူးလား ရတယ် မနက်ဖြန် မင်းခြေချစရာအလုပ်မရှိအောင် ငါလုပ်လိုက်မယ် ဂျွန်ဂျောင်ကု အကြောင်း ကောင်းကောင်းသိမှာပါ ဟက်!!"သက်ပြင်းချသံ သဲ့သဲ့မျှ ကြားလိုက်ရပြီး အခုမှထွက်လာတဲ့ဖုန်းဖြေသံ။
"ပြန်လာခဲ့ပါမယ်"
" လိမ္မာတယ် ထယ်ယောင်း ကိုယ်စောင့်နေမယ်"
ကျသွားပြီဖြစ်သော ဖုန်းကောလ်လေး။
တော်ရုံပဲ အနိုင်ယူစမ်းပါ ခင်ဗျားရယ်။ ကျွန်တော် ပင်ပန်းလှပြီ။
.
.
.ခြံ၀န်းရှေ့မှာ ထိုးရပ်တဲ့ Taxi လေးနဲ့အတူ ကားနောက်ခန်းကဆင်းလာတဲ့ မျက်မှန်နဲ့ကောင်လေးကို သုံးထပ်အိမ်ကြီးရဲ့အပေါ်ထပ် ပြတင်းပေါက်ကနေ လှမ်းကြည့်နေမိတယ်။
လက််ထဲမှာလည်း ရက်စ်ဘယ်ရီ၀ိုင် တစ်ခွက်ကိုကိုင်ထားရင်း။
သိပ်မကြာပါ..ကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် အမြန်ဆုံး တံခါးသွားဖွင့်လိုက်တယ်။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22