#Unicode
" အဲ့ဒါဆို အစည်းအဝေးကို ဒီမှာတင်ရပ်ကြတာပေါ့ Ceo Min လည်း အဆင်ပြေတယ်ဆိုရင် နောက်တစ်ပါတ်ဆွေးနွေးမှုအတွက် လာခဲ့ပေးပါ "
" ဟုတ် ကျွန်တော်လာမှာပါ "
ရှယ်ယာရှင်အစည်းအဝေးအပြီး ဖုန်း၀င်လာသည့်အတွက် Ceo Min ဆီက ခွင့်တောင်းပြီး ခပ်လှမ်းလှမ်းမှာ ဖုန်းကိုင်လိုက်သည် ။
" အင်း ပြော "
" မစ္စတာကင်မ် က ဘူဆန်မှာရှိနေတယ်ထင်တယ် Ceo
အရင်လ,က ဘူဆန်ကားဂိတ်ရဲ့ မှတ်တမ်းမှာ ဒရိုင်ဘာဟန်ရဲ့ ကားနံပါတ်ကိုတွေ့တယ် "သေချာပေါက် ဆိုအာတို့ လိုက်ပို့ပေးခဲ့တာပေါ့ ။
အင်းလေ.. ကင်မ်ထယ်ယောင်းက ငါ့ဆီကထွက်သွားချင်နေတာပဲဟာ.. သူတို့ငါ့အစားလွှတ်ပေးလိုက်တာလည်း မဆန်းပါဘူး ။" ကင်မ်ထယ်ယောင်း ဘူဆန်မှာရှိတာ အတည်ပြုပြီးရင် ဖုန်းဆက်လိိုက် "
" ဟုတ်ကဲ့ပါ Ceo "
ဖုန်းချလိုက်ပြီး တစ်ဆက်တည်း သက်ပြင်းပါချမိသည် ။
Ceo Min ကိုပြန်လိုက်ပို့ဖို့ ဟန်ပြင်တော့" Ceo ခုနက ကင်မ်ထယ်ယောင်းလို့ ပြောလိုက်တာလား "
" ဘာကိစ္စများရှိလို့လဲ "
" ကင်မ်ထယ်ယောင်း ဆိုတဲ့တစ်ယောက်က ကျွန်တော့် ယောက်ျားရဲ့ သူငယ်ချင်းပါ သူအခု ကျွန်တော့်အိမ်မှာ .. ရောက်နေတာ ၁၀ ရက်လောက်ပဲရှိအုန်းမယ် ထင်တယ် ဂျီမင်းပြောတာတော့ လတ်တလော ဒီမှာ နေဖြစ်မယ် ဆိုပြီး "
Ceo Min Yoongi က ယောက်ျားယူထားတယ် ဆိုလို့ အနည်းငယ် အံ့အားသင့်သွားပေမယ့်
ကင်မ်ထယ်ယောင်း သူ့အိမ်ရောက်နေတဲ့အကြောင်းကိုသာ အာရုံစိုက်ထားမိသည် ။" ထယ်ယောင်း ကျွန်တော်နဲ့ ပတ်သက်လို့ ဘာတွေပြောနေသေးလဲ "
" ဘာမှတော့မကြားမိဘူး ကျွန်တော်လည်း ဒီနေ့မှ အိမ်ပြန်မှာဆိုတော့ ထယ်ယောင်းကို ပြန်မှ တွေ့ရမှာ
ဂျီမင်း ဖုန်းဆက်ပြောလို့ သိနေတာ .. ဒါနဲ့ Ceo နဲ့
ဘာတော် တာ လဲ "
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22