Part 1

5.3K 137 12
                                    

#Unicode

" ကင်မ်ထယ်​ယောင်း ငါ​ခေါ်​နေတာ အခုချက်ချင်းပြန်လာခဲ့!! မဟုတ်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိပါတယ်"

ထို ခြိမ်း​ခြောက်စကားမည်သည့် အမိန့်​ပေးသံတစ်ခုကို ဂရုမစိုက်ချင်​တော့။
လွတ်​မြောက်ချင်​နေပြီ..
ဒီလူရဲ့ အိမ်.. သူ​ပေးတဲ့ အ၀တ်အထည်​တွေ အစားအ​သောက်​တွေဟာ ပျိုမဒီ​တွေအတွက်ဆိုရင်​တော့ တန်းတန်းစွဲဖြစ်ချင်စရာ Brand ​တွေချည်း။

ဒါ​ပေမယ့်..ဒါ​​ပေမယ့်လို့ ကျ​နော်မနှစ်သက်​တော့ဘူး
စိတ်ပျက်စရာ​ကောင်းတဲ့ အိမ်ကြီးထဲမှာ မ​နေချင်​တော့ဘူး။
အသက်ရှူ​နေရလို့ အသက်ရှင်​နေ​ပေမယ့် ​သေလူနဲ့မထူးမခြားနား။
သူ့ဘ၀ဟာ လူနဲ့မတူတဲ့ ​ကော်ပတ်ရုပ်​လေးတစ်ရုပ်​လိုပဲ..ပျင်းလာရင်​ဆော့ကစားပြီး ငြီး​ငွေ့လာရင် ​ဂျောင်ထိုးခံရသလို​ပေါ့။
ခင်ဗျားလို ရွံစရာ​ကောင်ရဲ့ အရိပ်​အောက်က​နေ ​ဝေးရာကိုထွက်သွားချင်​နေပြီ။
ထပ်ပြီး ​ခြေမချချင်​လောက်​အောင်ပါပဲ..
မချစ်လို့လား? မဟုတ်ဘူး။
ခင်ဗျားက ကျွန်​တော့်အချစ်နဲ့မတန်လို့..။

"ကင်မ်ထယ်​ယောင်း ငါ​ခေါ်​နေတာကြားလား!! မင်းစကားပြန်​ပြောဖို့ ​စောက်ပါးစပ်က အ ​​နေတာလားဟမ်? ငါ့​ဒေါသကိုလာမဆွနဲ့ ..
ပြန်မလာဘူးလား ရတယ် မနက်ဖြန် မင်း​ခြေချစရာအလုပ်မရှိ​အောင် ငါလုပ်လိုက်မယ် ​ဂျွန်​ဂျောင်ကု အ​ကြောင်း ​ကောင်း​ကောင်းသိမှာပါ ဟက်!!"

သက်ပြင်းချသံ သဲ့သဲ့မျှ ကြားလိုက်ရပြီး အခုမှထွက်လာတဲ့ဖုန်း​ဖြေသံ။

"ပြန်လာခဲ့ပါမယ်"

" လိမ္မာတယ် ထယ်​ယောင်း ကိုယ်​​စောင့်​နေမယ်"

ကျသွားပြီဖြစ်​သော ဖုန်း​ကောလ်​လေး။

​တော်ရုံပဲ အနိုင်ယူစမ်းပါ ခင်ဗျားရယ်။ ကျွန်​တော် ပင်ပန်းလှပြီ။

.
.
.

ခြံ၀န်း​ရှေ့မှာ ထိုးရပ်တဲ့ Taxi ​လေးနဲ့အတူ ကား​နောက်ခန်းကဆင်းလာတဲ့ ​မျက်မှန်နဲ့​ကောင်​လေးကို သုံးထပ်အိမ်ကြီးရဲ့အ​ပေါ်ထပ် ပြတင်း​​​ပေါက်က​နေ လှမ်းကြည့်​နေမိတယ်။
လက််ထဲမှာလည်း ရက်စ်ဘယ်ရီ၀ိုင် တစ်ခွက်ကိုကိုင်ထားရင်း။
သိပ်မကြာပါ..ကြားလိုက်ရတဲ့ တံခါး​ခေါက်သံ​ကြောင့် အမြန်ဆုံး တံခါးသွားဖွင့်လိုက်တယ်။

Untouchable (Completed)Where stories live. Discover now