Part 3

1.5K 84 0
                                    

#Unicode

အိမ်ကိုပြန်​ရောက်​တော့ ခြံတံခါးက ပိတ်ထားတုန်း။
​​ဂျောင်ကုပြန်မ​ရောက်​သေးဘူးထင်တယ်။

ကျွန်​တော့်မှာလည်း အိမ်နဲ့ကုမ္ပဏီကလွဲပြီးသွားစရာမရှိ..
သူငယ်ချင်းရှိလား​မေးလည်း ဟင့်အင်း။
အ​ပေါင်းအသင်းလုပ်ရတာမကြိုက်တာလားဆို​တော့မဟုတ်..
ကျွန်​တော့်ကို ဘယ်သူနဲ့မှ​ပေါင်းသင်းခွင့်မပြုထားပဲကို..ယုတ်စွအဆုံး ကျွန်​တော့်မိဘ​တွေနဲ့​တောင် အဆက်အသွယ်ဖြတ်ထားတာ။
ကျွန်​တော်မ​ပြောဘူးလား.. ကျွန်​တော်ဟာ အပိတ်ခံထားရတဲ့အပြင် ​မှောင်မိုက်သွားတဲ့အ​ခြေအ​နေမှာလည်း ကျွန်​တော့်ဘက်မှာ ဘယ်သူမှရှိမ​နေပါဘူးလို့..။
​နောင်တရချင်တာ​တောင် မရနိုင်​တော့ဘူး..ဘာလို့ဆို ဒီလမ်းကို ကျွန်​တော်ကိုယ်တိုင်​ရွေးချယ်ခဲ့တာမို့..။

အရင်းနှီးဆုံးသူကိုပြပါဆိုရင် လက်ချိုး​ရေစရာ​တောင်မရှိ။
မင်ဆိုအာသည်သာ ကျွန်​တော့် အ​ဖော်။
အိမ်အကူဆိုတာထက် သူငယ်ချင်းတစ်​ယောက်လိုပင်
သူ့​ရှေ့မှာ လွတ်လွတ်လပ်လပ်ရင်ဖွင့်..လွတ်လွတ်လပ်လပ်ငို​ကြွေး။
​ယောက်ျား​လေးတစ်​ယောက်က မိန်းက​လေးတစ်​ယောက်ထက် ပိုပြီး​ပျော့ညံ့​နေရသလားဆိုရင် ​ဖြေစရာမရှိ။
ကျွန်​တော် သန်မာချင်​ယောင်မ​ဆောင်ချင်​တော့ပါ။

ထိုမိန်းက​လေးနဲ့​တောင် ​​​ဂျောင်ကုအ​ရှေ့မှာဆို ရင်းနှီး​ယောက်မပြရဲ။
သူမ အိမ်​ပေါ်ကနှင်ချခံရလိမ့်မယ်​လေ..
​ဂျောင်ကု​ဆိုတဲ့ အမျိုးသားဟာ ကျွန်​တော့်ရပိုင်ခွင့်​တွေကိုပါ မမြင်ရတဲ့အာဏာ​တွေနဲ့ ပယ်ဖျက်​နေတာ။
ဒီတိုင်း ချစ်တယ် ဆိုတဲ့တစ်ခွန်းသာ​ပြောလိုက်စမ်းပါ..ကျွန်​တော်က ခင်ဗျားစကားကို မျက်စိစုံမှိတ်ယုံပြီး ခင်ဗျားခေါ်ရာ​နောက််ကိုလိုက်ခဲ့အုန်းမှာ..
ဒါ​ပေမယ့် ခင်ဗျားဟာ ဘယ်လိုလူစားမျိုးလဲ ကျွန်​တော်နားကိုမလည်နိုင်​တော့တာပါ။

အိမ်ထဲ၀င်ပြီး ဖိုင်တွဲ​တွေစီ​နေတုန်း ၀င်လာတဲ့ ဖုန်း callတစ်ခု။
နံပါတ်အစိမ်းကြီးပဲ..ဘယ်သူပါလိမ့်..
ဖုန်းထဲမှာက ​​ဂျောင်ကုရယ် ကုမ္ပဏီကအလုပ်​ဖော်​တွေတချို့ရယ်ကလွဲပြီး တခြား contact မရှိ။
အဲ့လိုတွေးကြည့်လိုက်ခါမှ ​လောကကြီးနဲ့အဆက်အသွယ်ပြတ်ခဲ့တာ ကြာ​ရော။

Untouchable (Completed)Where stories live. Discover now