#Unicode
ဂျောင်ကုတစ်ယောက် သြစတြေးလျကို
ရောက်နေတာ နှစ်ပါတ်နီးပါးရှိပြီဖြစ်သည် ။
ထယ်ယောင်းကိုလည်း မဆက်သွယ်မိသလို
ထယ်ယောင်းဘက်ကလည်းသူ့
ကိုမဆက်သွယ် ။
အမေ့ စျာပနပွဲနဲ့တင် အလုပ်ရှုပ်နေတာမို့
ဖုန်းတောင်မကိုင်ဖြစ်တာ ကြာရောရှိပြီ ။
အဖေဆိုသူသည်လည်း စျာပနပွဲ
လာဖို့နေနေသာသာ ဖုန်းတစ်ချက်ပင်မဆက် ။
အမေဆုံးပြီ ဆိုတဲ့
ဖုန်းကောလ်လေးသည် အဖေဆီကနောက်ဆုံးဆက်သွယ်ထားသည့် ဖုန်းလေး
ပင်ဖြစ်သည် ။
'အမေတစ်ယောက်လုံး ဆုံးသွားတာ ၊
ခင်ဗျားရဲ့မိန်းမဆုံးသွားတာ!!'
လို့ အော်ဟစ်ဆဲဆိုချင်သော်လည်း အတတ်နိုင်ဆုံး စိတ်လျှော့ထားသည် ။
ဂျောင်ကု နားလည်သည် .. သူ့မိသားစု
ကအရင်တည်းက ဒီလိုယိုင်နဲ့ နေတဲ့အခြေအနေ
ဆိုတာ။
မိသားစုဟုသာ အမည်ခံရှိသော်လည်း
မိသားစုနဲ့ မတူ အမေနဲ့ သား ၊
သားနဲ့ အဖေလောက်သာ မေးထူးခေါ်ပြော
ရှိသည် ။
အမေကသာ ဂျောင်ကုကို အကောင်းဆုံး
အကြံဥာဏ်တွေ ပေးနိုင်သူ ။ လုပ်သင့် မလုပ်သင့်
ခွဲခြားပေးတတ်သူ ဖြစ်သော်ကား
အခုအချိန်တွင် အမေ မရှိတော့ ။" တောင်းပန်ပါတယ် အမေ ၊ ကျုပ်က သားလိမ္မာတစ်ယောက် မဖြစ်ခဲ့ဘူး မဟုတ်လား "
မည်သူမျှ မရှိသော ခန်းမကြီးထဲတွင်
အအေးခေါင်းကို ဖက်ကာ
အသိစိတ်လွတ်နေသူလို မျက်ရည်ဆက်တိုက်ကျနေသည့်
ဂျောင်ကု တစ်ယောက်၏
အနာဂါတ် ကံကြမ္မာက မျက်နှာသာ
ပေးမှာလား တဲ့လေ ။***
ထယ်ယောင်းရဲ့ စိတ်ဓါတ်အလုံးစုံဟာ
Social media ကြောင့် ဟိုးအောက်ဆုံးထိ
ကျလုဆဲဆဲ ။
ဂျောင်ကုသာ ငြင်းပေးရင်ဆိုတဲ့ စိတ်ကလေးနဲ့
သည်းခံခဲ့ပေမယ့်
မျှော်လင့်ထားသမျှ ရိုက်ချိုးခံလိုက်ရသလို ။
အတွေးများဟာလည်း ကြက်ပျောက်
ငှက်ပျောက် ။
အရာမထင်ဘဲ ရေစုန်မျောခံလိုက်ရတာပါ ဂျောင်ကု
ရယ် ။လူမှု ကွန်ရက်ပေါင်းစုံ ၊ website
ပေါင်းစုံကနေ ဖြန့်ဝေလာတဲ့
Ceo Jeon Jungkook နဲ့ Choi Soojin
တို့ရဲ့ မင်္ဂလာသတင်း ။
စေ့စပ်ထားတာ နှစ်ချီကြာခဲ့ပြီဖြစ်ပြီး
အကျိုးအကြောင်းမဆီလျော်သေးလို့
လက်ထပ်ပွဲကို အခုမှ စီစဥ်ရတာဖြစ်ကြောင်း
စာအရှည်ကြီးနဲ့ ရှင်းပြထားပေးသော
ဂျွန်ဂျောင်ကု၏ အဖေဖြစ်သူ ။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22