#Unicode
အဲ့နေ့ကစပြီး ထယ်ယောင်းကျောင်းဆင်းတဲ့အခါတိုင်း ဂျောင်ကုက လာကြိုတတ်သည်။
တစ်နေရာမဟုတ် တစ်နေရာခေါ်သွားပြီး လည်ပတ်နေတတ်သည်။
ကျွန်တော်တကယ် ပျော်လာရတာတော့အမှန်။
အရင်က သူငယ်ချင်းတွေနဲ့ club သွားရင်သွား..မသွားရင် ကျောင်းနဲ့အဆောင် အထပ်ထပ်အလဲလဲ သွားနေခဲ့တဲ့ ကျွန်တော်က သူနဲ့မှ နေရာပေါင်းစုံရောက်ဖူးလာသလို လွတ်လပ်မှုကဘာလဲဆိုတာကိုပါ ခံစားလာရသည်။" ဘာစားချင်တာလဲ"
"ခင်ဗျားက ၀ယ်ကျွေးမှာလား"
"အင်း"
"အမ်..ရေခဲမုန့်စားချင်တာ"
"ဘယ်လို? ရေခဲမုန့်စားရအောင် မင်းက ကလေးလား!"
" ခင်ဗျားဟာလေ ကျောင်းသားမဖြစ်ဖူးဘူးလား uni ကျောင်းသားတစ်ယောက်အနေနဲ့ ရေခဲမုန့်စားရတာဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲ"
" မဆိုင်သလိုပဲ"
"ပြောတော့ ခင်ဗျားဘဲ ဘာစားမလဲဆို.. အခုစားချင်တာပြောတော့ကျ လာရစ်နေတာ ဘာမှမစားတော့ဘူး FUCK"
" ကျစ်! မဆဲစမ်းပါနဲ့ကွာ ရော့ ပိုက်ဆံ သွား၀ယ်စား ဟိုဆိုင်မှာ"
ပိုက်ဆံ တစ်သောင်းတန်ကို လက်ထဲထည့်ပေးပြီး မနီးမဝေးက ရေခဲမုန့်ဆိုင်လေးကို လက်ညှိုးထိုးပြောသည်။
"ခင်ဗျားရော"
" ကိုယ် ဒီကစောင့်မယ်"
"ရှက်လို့လား ရေခဲမုန့်လေး၀ယ်တာကိုလေ"
"အေး ရှက်လို့ သွား! မင်းဘာမင်းသွား၀ယ်"
မျက်စောင်းတစ်ချက်ထားခဲ့ပြီး ရေခဲမုန့်ဆိုင်ဆီဦးတည်ခဲ့သည်။
ရေခဲမုန့်ဆိုင်လေးဟာ သပ်သပ်ရပ်ရပ် ချစ်စရာအတိ။
အရသာမျိုးစုံ ပုံစံမျိုးစုံက စားချင်အောင်ဆွဲဆောင်နေတာ။
ကျွန်တော့်အတွက် Clocolate, mint chocolate, larva cake ၀ယ်ခဲ့ပြီး သောက်မြင်ကတ်စရာ ထိုလူ့အတွက် ဒူးရင်းသီးရေခဲမုန့်တစ်ဘူးတည်းသာ။
သူက ဒူးရင်းသီးကြိုက်တယ်လို့ ပြောဖူးပေမယ့် ရေခဲမုန့်ရော စားဖူးပါ့မလားမသိ။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22