#Unicode
အတိတ်က အမှတ်တရတွေက
ထွက်ခွာလာမှ နာကျင်မှုကို
သိသိသာသာ ခံစားရသည် ။
သူ့အရိပ်အောက်က လွတ်လပ်လာ
သော်ငြား ပင်ပန်းနေဆဲ ။
နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ လူတစ်ယောက်ကို
ချက်ချင်းမေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင် ။အမှန်တိုင်း၀န်ခံရရင် သူ့ကိုလွမ်းနေဆဲ ။
ချစ်နေဆဲပင် ။***
" တောက်ခ် !!! "
ရုံးခန်းထဲမှာ ဂျွန်ယူဆော့ကာအလွန်တင်းမာ
သောမျက်နှာထားဖြင့်
ဒေါသထွက်နေသည်မှာ သိသာလှသည်
အကြောင်းအရင်းကတော့ အမွေ
ကိစ္စပေါ့ ။" ရှင်နေလည်း ဆေးရုံကုတင်ပေါ်
ကနေဒုက္ခပေး သေသွားတော့လည်း.. ဟား
ဒီ မိန်းမ တော်တော် ဥာဏ်ကောင်းတယ်
ကောင်းတယ် အဲ့ဒါထက် ဟိုကောင်မသိ
သေးဘူးမလား ငါက သူ့အဖေ
အရင်းမဟုတ်တာကို "ထိုစကားကြောင့် ဂျွန်ယူဆော့
ဆီက စာချုပ်တွေလက်မှတ်
ထိုးခိုင်းဖို့ အခန်းနားကို လာတဲ့ ဂျောင်ကုရဲ့
အတွင်းရေးမှူး ကောင်လေးခမျာ တုန်လှုပ်သွား
ရသည် ။
နားကြားလွဲတာ မဟုတ်ဘူးမလား ..
တကယ်ပဲ ဥက္ကဌဂျွန်ယူဆော့က ... ?ဖိုင်အလွတ်များကိုသာ ပြန်ယူလျက် အခန်းနားက
အမြန်ဆုံးထွက်လာခဲ့သည် ။
အခုချိန်မှာ ဒီအကြောင်းအရာတွေကို ကြား
ခဲ့တယ်ဆိုတာ ဘယ်သူမှမြင်လို့မဖြစ် ။" မသိသေးပါဘူး အခုချိန်ထိတော့ "
" အခုချိန်ထိတော့ ဆိုတဲ့စကားမပြောနဲ့ သူ
တစ်သက်လုံး သေတဲ့ထိသိလို့မဖြစ်ဘူး
ကျုပ်က သူ့အဖေအဖြစ်ပဲ ရှိနေရမှာ "" အဲ့ဒါဆို အမွေကိစ္စ ဘယ်လိုလုပ်
ရမလဲ "" ဂျောင်ကုနဲ့ ဆွေးနွေးပြီး တတ်နိုင်သလောက်
ကြိုးစားကြည့်အုန်းမယ် အဲ့ဒီအမွေတွေသာရရင်
ပြီးပြီ ဘာမှမလိုတော့ဘူး "ဂျွန်ယူဆော့ရဲ့ မဲ့ပြုံးတစ်ချက်မှာ လောဘ
တွေအပြည့် ။***
ဂျောင်ကု အခုချိန်ထိ သြစတြေးလျက မပြန်
ဖြစ်သေး ။
အမေ့စျာပနပွဲပြီးတာနဲ့ ပြန်မယ်
လုပ်ထားတာ ။
အမွေစာချုပ်ကိစ္စတွေကြောင့် အမေ့ရှေ့နေနဲ့
ဆွေးနွေးရင်း တစ်လက်စတည်း
အကုန်အပြီးသတ်ပြီးမှ
ပြန်ဖို့ဆုံးဖြတ်လိုက်သည် ။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22