#Unicode
ထယ်ယောင်းဟာ အခုဆိုရင် မျက်နှာလေး
ပါကြည်ရွှင်လာပြီ ဖြစ်သလို
အစားသောက် အသောက်ကောင်းနှင့်
ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာလေပြီ ။ဒါ့အပြင်
ဂျီယွန်း ၊ ဂျန်မင်း တို့မောင်နှမတွေနဲ့ပါ
ကျောင်းပိတ်ရက်တွေဆို တစ်နေရာပြီး
တစ်နေရာ လျှောက်လည်နေတာမို့
ဘူဆန်မြို့တစ်မြို့လုံးနီးပါး
ထယ်ယောင်း ခြေရာတွေချည်းသာ ။အခုလည်း shopping ထွက်ချင်တယ်
ဆိုပြီး
ဂျီယွန်းနဲ့ ဂျန်မင်းနာမည်ကို အသုံးချကာ
ဂျီမင်းကို ဂျစ်တိုက်နေပြန်သည် ။" ရားး.. ဂျီမင်းကလည်း ကလေးတွေ
ကျောင်းပိတ်တုန်းလေး သွားတာကို
သူတို့လည်း သွားချင်နေမှာပေါ့
နော်.. ဟုတ်တယ်မလား "သူတစ်ယောက်တည်း ဂျစ်တိုက်မရတော့
ကလေးတွေကိုပါ ပူးပေါင်း
စေပြန်သည် ။" ရားး ဟေ့ကောင် ထယ်ယောင်း
မင်းအရင်အပါတ်ကလည်း
တစ်ခါသွားပြီးပြီ အခုရော ဘာသွား
လုပ်အုန်းမှာလဲ "" မင်းကလည်း အခုက စတော်ဘယ်ရီ
ရာသီ ဆိုတော့ စတော်ဘယ်ရီ၀ယ်ချင်လို့ပါ
မင်းအတွက်ရော ကလေးတွေအတွက်ရော "" ပါးပါး စတော်..ဘယ်ရီ "
ဂျန််မင်းကပါ ထောက်ခံနေတော့
ထယ်ယောင်းမျက်နှာကြီးက
တောက်ပနေတော့တာပဲ ။
အရင်က ကလေးနှစ်ယောက်
ထိန်းမနိုင်လို့ ထယ်ယောင်းကို ကလေးကူထိန်း
ခိုင်းကာမှ
အခု ကလေးသုံးယောက် ထိန်းနေ
ရတဲ့အဖြစ် ။" အေးအေး သွား ကလေးတွေလည်း
ပျောက်လာအုန်းမယ် "" မင်းကလည်း စိတ်ချပါ ကလေးတွေကို
ငါနိုင်ပါတယ် "ပြောပြီး ခုန်ပေါက်ကာထွက်သွားတော့မှ
ဂျီမင်းလည်း ဒီနေ့ပြန်လာမယ့်
မတွေ့ရတာကြာပြီဖြစ်တဲ့
အကြင်ခင်ပွန်းအတွက် ညစာချက်ရန်
ပြင်ဆင်တော့သည် ။***
ဂျောင်ကု အခုဆိုရင် ကိုရီးယားပြန်ရောက်လာ
ပြီး အိမ်မှာ သောင်းကျန်းနေပြီ
ဖြစ်သည် ။
ဆိုအာ ကို ထယ်ယောင်းဘယ်မှာလည်း မေး
သော်လည်း
' ရှာနေပေမယ့် မတွေ့ပါဘူး ' တောင်းပန်ပါတယ်
ဆိုတဲ့ စကားကိုပဲ အထပ်ထပ်အခါခါ
ကြားနေရသည်မို့
သူကိုယ်တိုင်ပဲ လူထပ်လွှတ်ပြီး
ရှာနေရပြန်သည် ။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22