#Unicode
"ဂျွန်ဂျောင်ကု မင်းဘာစောက်ချိုးချိုးတာလဲ"
"..."
ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်း ဖခင်မေးတဲ့အမေးကိုပြန်မဖြေ။
"မင်းကို ပြုစုပျိုးထောင်ခဲ့တာ အဲ့လိုမြင်ရဖို့လား"
"ပြုစုပျိုးထောင်တာ? ကျုပ်ကို? ကဲ ခပ်ရိုင်းရိုင်းပဲဆိုမယ် ပြောစမ်းပါအုန်း ဘယ်လိုပြုစုပျိုးထောင်တာလဲ"
"မင်း!! အဖေကိုဘယ်လိုတွေပြန်ပြောနေသလဲဟမ်"
"အဖေက ကိုယ့်သားလိုဆက်ဆံမှ ကိုယ်လည်းအဖေလို ဆက်ဆံနိုင်မှာပေါ့ မဟုတ်ဘူးလား?"
"ရိုင်းစိုင်းလိုက်တဲ့ကောင် မိမဆုံးမသား"
" ဒီစကားအတွက် ကျုပ်ငြိမ်ခံနေရုံပဲရှိမယ် ဘာလို့ဆို အဲ့လိုပဲနေခဲ့ရတာကို"
ပစ်သမျှ'ခဲ'က ကိုယ့်ဆီပြန်လာမှန်နေတာကြောင့် အဖေဖြစ်သူလည်းဘာမှမပြောတော့။
သက်ပြင်းတစ်ချက်သာချလိုက်ပြီး တင်းခံထားတဲ့မာနတွေကို အနည်းငယ်လျှော့ချကာ"မင်းအမေ ဆေးရုံတင်ထားရတယ် သြစတေးလျမှာပဲ မင်းကိုသွားတွေ့စေချင်တယ်"
"ဒါတော့ အမိန့်ပေးနေစရာမလိုပါဘူး ကျုပ်သဘော"
အဖေဆိုသူ အံတင်းတင်းကြိတ်ထားတာတွေ့ရတယ်..သို့သော် ဘာအရေးလဲ ကိုယ်မှမလေးစားနိုင်တာ။
ဒီတိုင်းသာ အိမ်ကိုပြန်လာတယ်..ကိုယ့်ရဲ့အိမ်ငယ်လေးဆီ။"ဆိုအာရယ် ပျင်းလိုက်တာ"
"ဟဟ အကိုလေးဂျောင်ကုမရှိတော့ ပျင်းနေရှာရောပေါ့"
"မဟုတ်ပါဘူးကွာ အိမ်ကနေလည်းသွားစရာမရှိတာနဲ့ တစ်နေ့တစ်နေ့ပျင်းဖို့ကောင်းနေတာ"
"ဒီနေ့ ဧည့်သည်တစ်ယောက်လာမယ် အကိုလေးဂျောင်ကုရဲ့ အရေးကြီးပုဂ္ဂိုလ်"
"အရေးကြီးတယ်? ဘယ်သူများလဲ"
"ရောက်လာမှသာ ကြည့်ပါတော့"
ဆိုအာနဲ့ဂျောင်ကုဟာ တစ်ခုခုဆိုချက်ချင်းပြောပြလေ့မရှိဘဲ သိပ်လျှိုကြတာ။
ကျွန်တော်လည်း ကတောက်ကဆမေးမနေတော့ဘဲ အခန်းထဲ၀င်ကာ website တွေရှာနေတော့တယ်..
ကျွန်တော့အခန်းဟာ ကျွန်တော်တစ်ယောက်တည်းအတွက် အရမ်းကျယ်လွန်းတယ်လို့ဆိုရမည်။
ရေချိုးခန်းနဲ့ toilet ပါတွဲလျက်ပါသည်။
အ၀တ်ဗီရိုကြီးကလည်း အကြီးကြီးပဲ အထဲမှာလည်း brand အ၀တ်အစားတွေအပြည့်..။
သေချာပေါက် ဂျောင်ကုဖြည့်ပေးထားတာပေါ့။
ကျွန်တော်နဲ့ ဂျောင်ကုအခန်းက ဘေးချင်းကပ်..
အမြဲတမ်း ညတိုင်း ဂျောင်ကုက သူ့အခန်းမှာသူအိပ်သည်။
ကျွန်တော့်အခန်းထဲ ၀င်ခဲသည်။
YOU ARE READING
Untouchable (Completed)
Historia Cortaလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22