#Unicode
ဒရိုင်ဘာဟန်ဆီက ဂျောင်ကုကို လက်လွှဲယူပြီး အိမ်ထဲထိ တွဲခေါ်လာရသည်။
ဒီ မနည်းမနောခန္ဓာကိုယ်ကြီးကို ထိန်းလာရတာတော့မလွယ်။ဂျောင်ကုကရုတ်တရက်ခြေထောက်ခေါက်သွားသလို ယိုင်သွားတာမို့ မနည်းလှမ်းထိန်းရသေးသည်။
ခါးပင်ကျိုးမတက်။"ကျစ်! ဂျွန်ဂျောင်ကု"
"အင်..ဟင်...ဂျွန်..ဂျောင်ကု.. မဟုတ်ဘူး!
ကင်မ်ဂျောင်ကု..."ကင်မ်ဂျောင်ကု? ဘာတွေပြောနေတာလဲ? သေချာတာက မူးနေလို့ဖြစ်မည်။
အခန်းထဲထိလိုက်ပို့ပေးလိုက်ပြီး အိပ်ရာပေါ်မှာလှဲစေသည်။
အလေးချိန်ကြီးကြီးမားမားကြီးကို သယ်လာရသလိုဖြစ်တာကြောင့် ညောင်းလွန်းလို့အကြောဆန့်ရင်းကုတင်ပေါ်မှာထိုင်နေတုန်း ရုတ်တရက် ဆန့်ထားတဲ့လက်ကနေ နောက်ပြန်အဆွဲခံလိုက်ရလို့ အပေါ်တစ်ပိုင်းလုံးက ဂျောင်ကုပေါ်မှာ မှောက်ရက်သား။အပေါ်စီး နီးနီးကပ်ကပ်မြင်နေရတဲ့ သူ့မျက်နှာ Jaw line ကသောက်ရမ်းကြည့်ကောင်းသည်။
အရက်ရှိန်ကြောင့် မပွင့်တစ်ပွင့်ဖြစ်နေတဲ့ သူ့မျက်လုံးတွေက ရီဝေဝေ။
အနည်းငယ် ဟ,ပြီး အသက်ကိုခပ်ပြင်းပြင်းရှူနေတဲ့ပါးစပ်ကနေ အာငွေ့တွေဟာ ထယ်ယောင်း လည်တိုင်ထံ ကလိနေသလိုဖြစ်နေတာက ကြက်သီးထစရာ။
အတွေးထဲကမြန်မြန်ရုန်းထွက်ရင်း သူဆွဲထားတဲ့ လက်ကို ဖြုတ်ချက အခန်းထဲကထွက်လာခဲ့တော့သည်။ကျွန်တော်ကြောက်တယ် ဂျွန်ဂျောင်ကု။
'ကင်မ်ဂျောင်ကု' သူပြောခဲ့တဲ့စကားကိုပဲ နားထဲမှာ အထပ်ထပ်အခါခါကြားနေမိသည်။
မူးတဲ့လူတွေက စိတ်ထဲရှိတာကို အမှန်အတိုင်းပြောကြတယ်ဆို သူက တကယ်ပဲလား
ထယ်ယောင်းကိုချစ်တာ သိပေမယ့် သံသယ၀င်နေမိတုန်း။//////// /////////// //////// ///////
သုံးနှစ်ခန့်ကြာသော်။
ရေချိုးပြီး ဖုန်းဖွင့်ကြည့်တော့ ၀င်ထားတဲ့ missed call က ငါးခု။
မျက်ခုံးတွေ တွန်းချိုးမိသွားသလို သက်ပြင်းတစ်ချက်သာချလိုက်ရင်း ဖုန်းကိုပြန်မခေါ်ဘဲ ခေါင်းခြောက်အောင်သာသုတ်နေမိတယ်။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22