#Unicode
အိမ်ထဲကထွက်လာမိတော့ နှင်းဆီရုံကြီးက စောင့်ကြိုလို့နေသည်။
နှင်းဆီနီတွေအလယ်က ဒန်းအဖြူရောင်လေးကိုမြင်တော့ သူပြောခဲ့တာကို သတိရမိသွားသည်။"ကိုယ်အဲ့ဒန်းလေးပေါ်မှာထိုင်ပြီး တစ်စုံတစ်ယောက်ပေါ်ခေါင်းမှီရင်း စာဖတ်ချင်နေခဲ့တာ"
"တစ်စုံတစ်ယောက်"
"အင်း အဲ့ဒါ မင်းဖြစ်မယ်ထင်တယ်"
စိတ်ကူးလေးတွေတောင် ပုံဖော်ခွင့်မရသေးခင် မုန်တိုင်းက ၀င်လာခဲ့တော့ အရာအားလုံးဟာ လေထဲလွင့်သွားသလိုပင်။
ဒေါက် ဒေါက် ဒေါက်။
"ကိုကို အမေရေ ကိုကိုလာပြီ"
"ထယ်ယောင်း လာပြီလား ဒီနေ့လိုအစောကြီးရောက်လာမယ်မထင်ဘူးကွယ် ဒီနေ့မှန်းသိရင် စားစရာတွေလုပ်ထားမှာပေါ့"
"ဟဟ ရပါတယ် အမေရယ်"
"ဂိုအွန်း အထုပ်တွေကူသယ်လိုက်အုန်း သမီး"
"မုန့်တွေပါလား"
"ဟားဟား"
မိသားစုအပေါ် ပွင့်ပွင့်လင်းလင်းရှိသူဖြစ်သူငြား ဂျောင်ကုနဲ့လတ်တလောအခြေအနေကို အမေ့အားပြောပြဖြစ်သည်။
ဂျောင်ကုနဲ့ တူတူနေမယ်ဆိုတည်းကအမေ့ဆီကခွင့်တောင်းထားရတာကိုး။
အခုလည်း အမေကဒေါသတထောင်းထောင်း။"သား မင်းအဲ့ဒါတောင် အဲ့ဒီကိုပြန်အုန်းမလို့လား"
"ကျွန်တော်အဲ့ဒါကြောင့်ပြန်လာတာ သူ့ကိုတော့ သေချာမပြောခဲ့ဘူး"
"ကျစ် မင်းတို့ဟာလေ အဲ့ကောင်လေးကလိုက်လာရင်ဘယ်လိုလုပ်မလဲ"
"သေချာပေါက် ကျွန်တော်မပြန်ရင်တော့ လိုက်လာမှာပဲ ဒါပေမယ့် ရပါတယ် ကျွန်တော်အဆင်ပြေအောင်ပြောလိုက်မယ် အမေစိတ်မပူနဲ့"
"အင်းပါ ကြည့်လည်းလုပ်အုန်း"
"ဟုတ်"
အဖေမရှိတော့တဲ့နောက်ပိုင်း အမေကပဲ ရတဲ့အလုပ်မျိုးစုံလုပ်ပြီး မောင်နှမနှစ်ယောက်လုံးကို ကျောင်းထားပေးခဲ့တာ။
အပိုပစ္စည်းတွေမတတ်နိုင်သော်ငြား သူငယ်ချင်းတွေကြား မျက်နှာမငယ်ရအောင်ပံ့ပိုးပေးခဲ့တာပင်။
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22