#Unicode
အိုကေ နည်းနည်းလေးဆွေးနွေးကြရအောင်လို့ပေါ့
Reader တို့ရဲ့ အကြံဥာဏ်ကိုပါ တောင်းချင်တာကြောင့် အဆုံးထိဖတ်ပေးစေချင်ပါတယ်🚨ပထမဆုံးက Warning Part : Part 10 ကို ဖျက်လိုက်ရမလားလို့ပါ။🚨
အဲ့ဒီ Part ကို ဖတ်ရတာ မနှစ်သက်သော် အဆင်မပြေသည်ရှိသော် ပြောပါ အဲ့အပိုင်းကို ဖျက်ချပြီး simple part လေးပဲ ပြန်ပြင်ပေးပါ့မယ်ရယ်။Jungkook Pov:
အရင်အပိုင်းတွေမှာ ဖော်ပြပေးခဲ့သလိုပါပဲ ဂျွန်ဂျောင်ကုရဲ့ စိတ်ကို နားလည်ပါလိမ့်မယ်
သူ့ပုံစံက နားလည်ရခက်တဲ့ပုံစံမျိုး။
ထယ်ယောင်းကို သူ့အပိုင်လို့ပဲ သတ်မှတ်တဲ့လူ။
အဲ့လိုဆို ဘာကြောင့် ချစ်တာကိုထုတ်မပြရတာလဲ အေးတိအေးစက်ပုံစံနဲ့ မချစ်သလိုနေရတာလဲ ဆိုတာအချက်က
'ဂျောင်ကုက ထယ်ယောင်းကိုမချစ်ဘူး' ဆိုတဲ့ ထယ်ယောင်းအပါအ၀င် စာဖတ်သူတွေပါ အထင်လွဲနေနိုင်မယ့် အချက်ပါ။
သို့ပေမယ့် တစ်ပိုင်းပြီးတစ်ပိုင်း ဂျောင်ကုရဲ့ ပုံစံအမှန်ကို တွေ့လာရပါလိမ့်မယ်။
ဟုတ်ပြီ..သုံးနှစ်ကျော်ကြာပြီးတာတောင် ဖျက်လို့ မရတဲ့ စေ့စပ်ပွဲက ဘာကြောင့်မို့လဲ။
ဒီစေ့စပ်ပွဲဆိုတာ အရာက စာဖတ်သူတွေကို ကသိကအောက်ဖြစ်နေမှာအမှန်ပါဘဲ
လက်ထပ် စာချုပ်လည်းမဟုတ်ပါဘဲ စေ့စပ်ပွဲလေးကိုတင် ဖျက်ဖို့ သိပ်ခက်ခဲနေရတဲ့ အကြောင်းပြချက်ကဘာလဲ?
စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါလို့ပဲ ပြောချင်ပါတယ်
ကိုယ့်ဇာတ်လမ်းက ဒရမ်မာဖြစ်ကြောင်း သိပြီးသားဖြစ်မှာပါ။Taehyung Pov:
ထယ်ယောင်းက တက္ကသိုလ်ဘ၀ထဲက ဂျောင်ကုတစ်ယောက်တည်းကို ချစ်မိပြီး အဲ့လူနောက်ကိုပဲ ယုံကြည်စွာ လိုက်ခဲ့တယ်။
သူမထင်မှတ်ထားတဲ့ အကြောင်းအရာတွေကြောင့် ဂျောင်ကုကို စိတ်ပျက်သွားခဲ့တယ်။
နောင်တတွေရောအပါအ၀င်ပေါ့။
ထယ်ယောင်းဘက်ကကြည့်ရင်တော့ ဒါကလည်း ဖြစ်သင့်တာပါပဲ
ထယ်ယောင်း ထွက်မပြေးတာက ယုတ္တိမရှိဘူးလို့ ထင်ကောင်းထင်နေလိမ့်မယ်။
ထယ်ယောင်းထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ဂျောင်ကုကြောင့် ဒီနေရာကနေ ရုန်းထွက်လို့မရမှန်းသိလိုက်ရတဲ့အခါ လက်လျှော့လိုက်ရတာမျိုးပေါ့
ဂျောင်ကုကို မချစ်ဘူးလားဆိုတော့မဟုတ်။
သူတို့ကြားထဲ နားလည်မှုဆိုတာမရှိတာ။
YOU ARE READING
Untouchable (Completed)
Historia Cortaလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22