#Unicode
Social Media နဲ့ အလှမ်းဝေးနေတဲ့ ထယ်ယောင်းတစ်ယောက်
ဒီနေ့အလုပ်မှာကြားခဲ့ရတာတွေကြောင့်
အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းသုံးဖို့ပြင်လိုက်သည်။
အစကတည်းက မိတ်ဆွေမရှိတဲ့ ကိုယ်ပိုင် social media ပေါ်မှာ လုပ်ငန်းပိုင်းဆိုင်ရာ သတင်းတွေသာ ပျံ့နှံ့လို့နေသည် ။
Website မျိုးစုံက ခေါင်းစဥ်အမျိုးမျိုးနဲ့ တင်ထားတဲ့ ဂျောင်ကုသတင်းတွေ ။
ဂျွန်ယူဆော့..အာ မင်ယူဆော့ နဲ့ ချွဲဆူဂျင်းတို့ထောင်ကျသွားတဲ့သတင်း ။တကယ်ပဲ ဂျွန်ဂျောင်ကုက သူ့ကိုဖုံးကွယ်ထားခဲ့တာ
' မင်းထင်သလောက် မရိုးရှင်းဘူး' ဆိုတဲ့
ကိစ္စတွေက ဒါတွေဖြစ်နေခဲ့တာပဲ ။
အခုရော ဘာဆက်ဖြစ်မှာလဲ
အော်..ဘာဖြစ်နိုင်အုန်းမှာလဲ ဂျောင်ကုဆီက သူထွက်လာခဲ့ပြီးပြီပဲ ။
မျှော်လင့်ချက်သဲ့သဲ့လေး ရှိထားသော်ငြား
ဂျောင်ကုက သူ့ကိုမှမချစ်ခဲ့တာလေ ။
မချစ်ခဲ့လိုပဲ သူ့သဘောအတိုင်း စေခဲ့တာမလား ။သဘက်ခါ ဒီဇင်ဘာလ ၃၀ ရက်နေ့ဟာ ထယ်ယောင်းရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့်
မနှစ်ကတည်းက ပြင်ဆင်ခဲ့ရတဲ့ မွေးနေ့လက်ဆောင်ကို အဆုံးသတ်ရမည် ။
ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပြီး ကိစ္စအချို့ကို မင်ယွန်းဂီဆီ အကူအညီတောင်းရမည် ။
အဓိက,က ထယ်ယောင်း.. မင်းကိုယ့်ကိုချစ်သေးတယ်.. ချစ်နေသေးတယ်မလား ။
ကိုယ်တောင်းပန်ပါမို့.. အခုကစပြီး ကိုယ့်အချစ်တွေကို မြင်အောင်ပြတော့မှာမို့
ပြန်လာမယ်မလား ။ တောင်းပန်ပါတယ် ။" အင်း ဆော့ဂျင် "
" Ceo ကျွန်တော် သတင်းစာတိုက်တစ်ချို့ကို ဆက်သွယ်ပြီးပါပြီ "
" အင်း အဆင်ပြေတယ်မလား "
" ဟုတ် အဆင်ပြေပါတယ် ငွေရေးကြေးရေးတောင် သိပ်ညှိစရာမလိုလိုက်ဘူး သူတို့ ဒီသတင်းကိုရတာက လုံး၀ ရေ၀င်မယ့်ကိစ္စ မလား "
" တကယ်အဆင်ပြေသွားတာပဲ "
" ဟုတ်တယ် Ceo အဲ့ဒါဆို လိုအပ်တာရှိရင်ကျွန်တော့်ကို ဖုန်းဆက်ပါဗျ "
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22