#Unicode
"ဟင်းး ကိုယ့်နိုင်ငံရဲ့လေကို မရှူရှိုက်ရတာဘယ်လောက်ကြာနေပြီလဲ"
လေဆိပ်တွင် လက်နှစ်ဖက်ကိုဆန့်တန်း၍ မျက်လုံးစုံမှတ်ကာ ငြီးငြူနေပါသော အမျိုးသမီးတစ်ဦး။
ဆံပင်အမြင့်စီးထားပေမယ့် ခါးလောက်ထိရှည်နေသည်။
နှုတ်ခမ်းနီရဲရဲ ဆိုးထားပြီး ဂါ၀န်အတိုအကျပ်၀တ်ဆင်ထားကာ နေကာမျက်မှန်တစ်လက်ကိုလည်း ချိတ်ဆွဲထားသည်။
ဒေါက်မြင့်ဖိနပ် အမဲရောင်ပေါ်မှာကွပ်ထားတဲ့ စိန်က အထင်အရှား..။
ကြည့်ပုံအရ ထိုအမျိုးသမီးဟာ အဆင့်အတန်းမြင့်တဲ့ ချမ်းသာတဲ့သူတစ်ဦးဆိုတာ မျက်မြင်တန်းတန်း သိနိုင်သည်။" အန်ကယ်တို့အိမ်ပြန်မှာဆိုရင် ကျွန်တော်လိုက်ပို့ပေးပါ့မယ်"
ဘေးနားက Bodygaurd ထင်ရတဲ့သူက ပြောသည်။
"ရှူး ကိုယ်အဲ့မတိုင်ခင်သွားစရာတစ်နေရာရှိတယ်"
"ဘယ်များလဲ"
နှုတ်ခမ်းထက်၀ယ် အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်သည်။
.
.
.ဒီနေ့အလုပ်ပိတ်ရက်မို့ အိမ်မှာပဲနေဖြစ်သည်။
မနေ့ကလည်း ညစာမစားထား..ဒီနေ့လည်း မနက်စာမစားထားတာကြောင့် ဗိုက်ဆာနေတာတော့အမှန်။
သို့ပေမယ့် ဘာမှစားရန်စိတ်ကူးမရှိ..
အမေနဲ့ပေးမတွေ့မချင်း အစာအငတ်ခံဆန္ဒပြမည်။
ငတ်ပြီးသေသွားတော့လည်း ဘာအရေးလဲ ငါမရှိတဲ့ လောကကြီးဟာ ပိုအေးချမ်းသွားအုန်းမယ်။အိမ်အောက််ထပ်ကိုဆင်းလာတော့ အလုပ်သမားများရှိမနေ။
ဆိုအာကလွဲလို့ အလုပ်သမားအားလုံး စနေနေ့တိုင်း ပိတ်ရက်ယူကြသည်လေ။"အကိုလေးထယ်ယောင်း ဘာမှမစားတော့ဘူးလား နည်းနည်းစားပါအုန်းလား ဟင် နေသိပ်မကောင်းသေးတာမို့ ကြက်ခြေထောက်စွပ်ပြုတ်လေးလုပ်ထားတယ်"
"မစားတော့ဘူး ငါ့အတွက်ဘာမှလုပ်မနေနဲ့"
"အကိုလေးရယ် ကျန်းမာရေးထိခိုက်မယ် အရင်တစ်ခေါက်ကလိုသာဖြစ်ရင် အကိုလေးဂျောင်ကုတော့ ကျွန်မကိုဆူနေတော့မှာ"
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22