#Unicode
လွန်ခဲ့သော သုံးနှစ်ခန့်က...။
အတန်းချိန်ပြီးလို့ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ချိန်းထားသည်။
အတန်းလစ်လာလို့သာ အစောကြီးရောက်နေပေမယ့် သူငယ်ချင်းတွေကတော့ ဘယ်သူမှမရောက်ကြသေး။
Lemon Juice လေးတစ်ခွက်မှာပြီး ဖုန်းကို အာရုံစိုက်နေတုန်း"ကင်မ်ထယ်ယောင်း"
ခေါ်သံကြားလို့ ခေါင်းမော့ကြည့်တော့
"အမ် ခင်ဗျားက?"
"ကိုယ့်ကို ထိုင်ခွင့်ပြု"
ခွင့်တောင်းသည်သာဆိုတယ် ဘာမှပြန်မဖြေရသေးခင် ကျွန်တော့်ရှေ့ခုံမှာ ၀င်ထိုင်လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ"
"ကိုယ့်နာမည်က ဂျွန်ဂျောင်ကု"
"အော် ကျွန်တော့်ကို ဘာပြောမလို့လဲ"
မေးတာကိုပြန်မဖြေဘဲ ခြေချိတ်ထိုင်ကာ လက်ပိုက်ပြီး ပါးစောင်ကိုလျှာနဲ့ထိုးနေတဲ့ သူ့ပုံက တစ်ခုခုကို အလိုမကျနေဟန်။
သို့သော် ထိုလူက သောက်ရမ်းကြည့်ကောင်းနေတာ။
တစ်ကိုယ်လုံး all black ၀တ်ဆင်ထားပြီး အပေါ်မှာ နက်ပြာရောင် ကုတ်အင်္ကျီကို ထပ်၀တ်ထားသည်။
ရှေ့ဆံပင် ခပ်ရှည်ရှည်တို့က မျက်ခွံနားလောက်ထိကျနေပြီး တစ်ခြမ်းကို ဘေးခွဲသပ်ထားသည်။
ပေါ်နေတဲ့ နားရွက်တစ်ဖက်မှာ နားကွင်းနှစ်ခုကို ၀တ်ထားသေးတာ..။
ထိုလူဟာ လူငယ်ဆန်သလို တစ်ချိန်တည်းမှာပဲ အရှိန်အဝါကြီးမားနေသေးတာ။
ဒီလိုလူမျိုး ဒီကျောင်းမှာမတွေ့ဖူးပေ။
ကျွန်တော်ပဲ လျှောက်သွားလေ့မရှိတော့ မတွေ့မိတာလား။"ကိုယ့်ကိုမသိတာ မင်းကိုအံ့သြလို့မဆုံးဘူး"
"ကျွန်တော့်အနေနဲ့လည်း ခင်ဗျားကိုသိစရာမလိုပါဘူး"
"ဟက်!"
"အရေးမပါတာတွေ လာနှောင့်ယှက်နေမယ်ဆိုရင်တော့ ကျွန်တော်သွားပြီ"
ပြောပြီး ထပြန်မယ်အလုပ်
"Wtf! ခနလေးနေပါအုန်းကွာ မင်းဟာလည်း ဇွတ်"
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22