အခန်း ၃

1.1K 78 2
                                    

"ကြည့်လို့ပြီးဦးမှာလား လလေး" တီချယ့်အသံကြားလိုက်တော့ သူမမျက်နှာဟာ နီသွားသည်။ သူခိုးလူမိလိုဖြစ်သွားသည်မဟုတ်ပါလား။ သူမလည်း ငေးမှန်းမသိငေးမိသွားခြင်းကြောင့် တီချယ့်ကိုအားနာမိသည်။
ထို့ကြောင့် တီချယ်စပ်မှာစိုး၍ဝယ်လာသော ဇီးဖျော်ရည်ကိုသာ အတုန်တုန်အယင်ယင်ဖြင့် လှမ်းပေးလိုက်တော့သည်။

"တီ..တီချယ် သောက်ဖို့ပါ တီချယ်"
ပေးလာသော ဇီးဖျော်ရည်ကိုကြည့်ကာ သူမပြုံးလိုက်သည်။ သေချာပါသည်။ ထိုကလေးမရှက်၍စကားလမ်းကြောင်းလွှဲလေပြီ။ စန္ဒကူးကလည်း စန္ဒကူးပင်အခုမှတွေ့တဲ့ကလေးတစ်ယောက်ကို ဘယ်လိုကြောင့်သံယောဇဥ်တွယ်နေမိသည်မသိ။

"တို့လည်း မမှာလိုက်မိပါလား လလေး" သူမကမသိဟန်ဆောင်ကာပြောလိုက်သည်။ သူမခေါက်ဆွဲသုပ်စပ်စပ်ကိုတမင်မှာလိုက်ခြင်းဖြစ်သည်။ ထိုကလေးမကလည်း သူမစပ်မှာစိုး၍ ဇီးဖျော်ရည်ဝယ်လာမှန်းသူမရိပ်မိသော်လည်း ထိုကလေးမပါးစပ်မှထွက်တာကို ကြားချင်မိသည်။

"ဟို.. တီချယ်ခေါက်ဆွဲသုပ်စားရင်း စပ်မှာစိုးလို့ပါ" ပြောရင်း ခေါင်းငုံ့ကာ သူမ၏နန်းကြီးသုပ်တို့ကိုပါးစပ်ထဲထိုးသွင်းနေသည်။ အသည်းယားသဖြင့် သူမ၏ပါးဖောင်းဖောင်းကို လက်ဖြင့်ဆွဲညှစ်လိုက်မိသည်။

"လိမ္မာသားပဲ တီချယ်ရဲ့လလေးက" ထိုသို့ပြောကာခေါက်ဆွဲသုပ်ကိုဆက်စားနေသော်လည်း
"အဟွတ်..အဟွတ်"နန်းကြီးသုပ်စားရင်းသီးသွားသည့်ကလေးကိုကြည့်ကာ သူမရယ်ရခက်ငိုရခက်ဖြစ်သွားသည်။ သူမလုပ်လိုက်လို့ သီးသွားသည်မလား။ သူမထိုကလေးနားသို့သွားကာ ကျောကုန်းကိုခပ်ဖွဖွထုပေးလိုက်သည်။ ထိုကလေးမခမျာမှာတော့ မျက်ရည်တွေတောင်ဝဲနေလေပြီ။အနည်းငယ်ကြာမှ ရပ်သွား၍ သူမနေရာသို့ပြန်ထိုင်ကာ ခေါက်ဆွဲသုပ်ကိုဆက်စားနေလိုက်သည်။ လရောင်၏နန်းကြီးသုပ်နှင့် စန္ဒကူး၏ခေါက်ဆွဲသုပ်တို့က တစ်ပြိုင်တည်းကုန်သွားသည်။
ထို့နောက် လရောင်က သူမတို့စားထားသည်အမှိုက်များကိုရှင်းကာ အခန်းထောင့်ရှိ အမှိုက်ပုံးထဲသို့သွားထည့်လိုက်သည်။ ထို့နောက် သူမ သိချင်သည့်မေးခွန်းတစ်ခုကိုမေးလိုက်သည်။
" တီချယ်သမီးကို ဘာလို့ လလေးလိုခေါ်တာလဲဟင် တီချယ်"
သူမမျက်လုံးအဝိုင်းသားဖြင့် လှမ်းမေးတော့ တီချယ်က သူမကိုလှမ်းကြည့်သည်။ ဘယ်လိုအကြည့်တွေပါလိမ့်။ ထို့နောက် အကြည့်လွှဲကာ တစ်ချက်ပြုံးပြီးပြောသည်။
"တို့စိတ်ထဲခေါ်ချင်သွားလို့ပါ ဘာလဲ လလေးကမကြိုက်လို့လား"
ထိုသို့မေးလာပြန်တော့ သူမမှာ ပြာပြာသလဲငြင်းရသည်။ စိတ်ဆိုးသွားမှာကြောက်ရသည်မလား။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now