ထမင်းစားပြီး၍ လရောင်ထမင်းချိုင့်သိမ်းနေသည်ကို တီချယ်က လိုက်ကြည့်နေသဖြင့် လရောင်လည်းမနေတတ်တော့ဘဲ မေးမလို့ဟန်ပြင်တုန်းရှိသေး..
"လလေးက အရမ်းချစ်ဖို့ကောင်းတာပဲ၊ တီချယ်တော့ လလေးကိုတအားချစ်တာပဲ သိလား"
တီချယ့်ကိုပြောမည့်စကားတို့က လေထဲကိုရုတ်ချည်းပျောက်ကွယ်သွားပြီး ခေါင်းထဲပါဗလာဖြစ်ချင်သွားသည်။ နားထဲမှာကြားနေရတာဆိုလို့ ရင်ထဲမှမြန်ဆန်စွာခုန်နေသော နှလုံးခုန်သံကျယ်ကျယ်သာဖြစ်လေသည်။"လလေး၊ ကြားရဲ့လား၊ တီချယ်ပြောတာ"
လရောင် ကိုယ့်ကိုယ်ကိုလှတယ်လိုမသတ်မှတ်ဖူးပါ၊ လူရုပ်သူရုပ်ထွက်ရုံလောက်ပဲဟုထင်သည်၊ အသားဖြူနေတာတစ်ခုကြောင့် လှသည်ထင်ရတာဖြစ်မည်။"မဟုတ်..ဟိုလေ.."
လရောင် ဘာပြန်ပြောရမှန်းမသိတော့ပါ၊လရောင်မြန်မာစကားပြန်သင်ရန်လိုအပ်နေပြီဟုတောင်ထင်လိုက်မိသည်။ တီချယ့်ရှေ့တွင် 'မဟုတ်' ဟူသောစကားသာပြောတတ်သည်၊သေချာတာကတော့ လရောင်၏ပါးတို့ရဲနေပြီဖြစ်မည်။ လူတစ်ကိုယ်လုံးလည်းပူထူနေလေပြီ။
ထိုအခါ တီချယ်က သဘောကျစွာဖြင့် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်နေသည်။ လရောင် တီချယ့်ကိုဆက်ကြည့်နေမိရင်တော့ ရင်ဘတ်ထဲက နှလုံးက အခုန်လွန်ပြီး ပါးစပ်ကနေ အပြင်ကိုထွက်ကျလာတော့မည်ထင်သည်။ လရောင် ခုန်နေတဲ့နှလုံးကိုလျစ်လျူရှူကာ အရဲစွန့်ပြီးပြောချလိုက်သည်။"တီချယ့်ကိုတော့မမှီပါဘူး၊ တီချယ်ကသာလေ အတော်ဆုံးပန်းချီဆရာတွေစုပြီးရေးခြစ်ထားတဲ့ အသက်ဝင်လွန်းတဲ့ လက်ရာမြောက်ပန်းချီကားတစ်ချပ်လိုပဲ၊ ကြည့်နေရင်းနဲ့တကယ်အစစ်အမှန်ဟုတ်ရဲ့လားလို့တောင် ထင်မိတဲ့အထိပဲ"
လရောင် တီချယ့်ကိုပြောပြီးနောက် တီချယ့်၏အဖြေစကားကိုမစောင့်ဘဲ အခန်းထဲမှပြန်ထွက်လာခဲ့သည်။ တီချယ့်မျက်နှာရဲတက်သွားတာကိုတော့ လရောင်မြင်လိုက်ပါသေးသည်။ လရောင်လည်းရှက်သွားသည်မှန်သော်လည်း တီချယ်ကပိုရှက်သွားမည်ထင်သည်။ ပြုံးလျက် ဂုဏ်ယူမိသည်။ ရှက်နေတဲ့ကြားက တီချယ့်ကိုပြန်ပြောနိုင်ခဲ့သည်မလား။
![](https://img.wattpad.com/cover/323291371-288-k365371.jpg)
STAI LEGGENDO
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Storie d'amore"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"