အခန်း ၂၅

1.5K 74 9
                                    

-စန္ဒကူး

ညရောက်လာသည့်အချိန်တွင်တော့ အိမ်ကြီးထဲဝယ်တိတ်ဆိတ်လျက်ရှိသည်။ ထွက်ပေါ်နေသည့် တစ်ခုတည်းသောအသံကား... လရောင်၏ အိပ်ရာခင်းနေသံ၊ သို့သော် လရောင်ဘာကြောင့် အိပ်ရာခင်းနေပါသနည်း၊ အကြောင်းကား လရောင်မှာ ဒီည စန္ဒကူး၏အခန်းထဲတွင် အိပ်မည်မဟုတ်၊ စန္ဒကူးရဲ့ အိမ်မှာရှိသည့် အခန်းလွတ်တစ်ခုတွင် အိပ်မည့်အတွက်ကြောင့်ဖြစ်သည်။ လရောင် အိပ်ရာခင်းနေသည်ကို အခန်းတံခါးပေါက်ဝ၊ မှောင်ရိပ်ဆီမှ ချောင်းကြည့်နေသူကား စန္ဒကူး။
-"လရောင်ရဲ့ကျောပြင်လေးပဲမြင်ရတာနဲ့တင် တို့ကျေနပ်ပါတယ်...ဟင့်အင်း တကယ်တော့တို့မကျေနပ်ပါဘူး..အဲ့ကျောပြင်လေးကိုတို့မျက်နှာအပ်ပြီး အားရပါးရငိုကြွေးလိုက်ချင်တာ၊ ဘာဖြစ်လို့ တို့ပြောတဲ့စကားကို လွယ်လွယ်နဲ့ လက်ခံရတာလဲဆိုပြီးတော့လေ၊"

သက်ပြင်းချသံသဲ့သဲ့ ထိုမိန်းမသားနှစ်ဦ်းသံထံမှ တစ်ပြိုင်တည်းထွက်ကျလာကြသည်။ နှလုံးသား၏ဆန္ဒကိုသွေဖယ်နေကြခြင်းက တကယ်ပဲမှန်ကန်တဲ့ လုပ်ရပ်လေလား။ တိုက်ထုတ်ရမယ့် အခက်အခဲတွေနဲ့ အတားအဆီးတွေကို အတူတူလက်တွဲပြီးရင်ဆိုင်ရမယ့် အစား၊ ထိုအခက်အခဲတွေရောက်မလာခင်မှာပင် သည်လိုထွက်ပြေးလိုက်တာက သူရဲဘောကြောင်တဲ့သူတွေရဲ့လုပ်ရပ်ပဲမလား၊ သို့သော်ငြား စန္ဒကူးမတတ်နိုင်ပါပြီ၊ စန္ဒကူး၏မာမီမရှိတော့တဲ့နောက် ကြုံလာရမယ့် လူတွေရဲ့ပြောဆိုမှုတွေကို စန္ဒကူးခံနိုင်လိမ့်မည်ဟု သူမကိုယ်သူမမထင်ပါ။ ပြီးတော့ သည်ကလေးကိုလည်း ရင်နှင့်အမျှမြတ်နိုးရတာကြောင့် အပြောအဆိုမခံစေချင်ပါ၊ ဖြစ်နိုင်လျှင် သည်ကလေးကိုအိပ်ကပ်ထဲတောင်ထည့်သိမ်းထားချင်သည်လေ၊ အဲ့လိုဆိုကာမှ သည်အရွယ်ကလေးတွေက စိတ်ကစားတတ်သည်လေ၊ မတော် လရောင်များ ရည်းစားရသွားခဲ့လျှင်..အတွေးနဲ့တောင်သူမအူတိုမိသည်။ လရောင်ကို စန္ဒကူးအပိုင်လေးသာဖြစ်စေချင်မိသည်။ ထိုသို့တွေးမိပြန်တော့ ချလိုက်မိတဲ့သက်ပြင်းတစ်စ၊ သူမအပိုင်လေးဖြစ်ခွင့်ရှိလျက် စန္ဒကူးကိုယ်တိုင် ထိုအခွင့်အရေးကို လက်လွှန်ခံလိုက်သည်မလား၊ သူမ၏အတွေးများကဲ့သို့ပင် လေးကန်သော ခြေလှမ်းများဖြင့် လရောင်၏ အိပ်ရာပြင်နေသော မြင်ကွင်းဆီမှ ထွက်ခွါလာခဲ့သည်။ စန္ဒကူးရဲ့ မေတ္တာစစ်မှန်ရင် တစ်ချိန်ချိန်မှာတော့ လရောင်နဲ့နီးစပ်ခွင့်ရှိလောက်မည်ထင်မိသည်၊ စန္ဒကူး၏ ဆုံးဖြတ်ချက်ကို သူမနောင်တရမိပါသည်။ သို့သော် သတ္တိမဲ့သူအဖြစ်ခံယူထားတဲ့ စန္ဒကူးအဖို့မှာတော့ လရောင်ကို သူမကာကွယ်ပေးနိုင်လိမ့်မည်ဟု မထင်မိ။  နာကျင်ရမည့်ဇာတ်လမ်းဆိုလျှင် မစခင်ကတည်းက အဆုံးသတ်လိုက်တာ မကောင်းပေဘူးလား၊ ဒါဟာသတ္တိမရှိတဲ့လူတွေရဲ့စကား၊ သူမ၏အခန်းသို့ စန္ဒကူးလမ်းပြန်လျှောက်လာရင်း အခန်းထဲရောက်တော့ တံခါးကိုခပ်ဖွဖွပိတ်ကာ ကြမ်းပြင်ပေါ်မှာပင်တံခါးကိုမှီလျက်ထိုင်ချမိလိုက်သည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Donde viven las historias. Descúbrelo ahora