အိမ်ပြန်ရောက်တာနောက်ကျနေသဖြင့် စန္ဒကူး၏အမေက စိတ်ပူနေသည်။
"နောက်ကျတယ်နော် သမီး""ဟုတ်တယ် မာမီ၊အဲ့ဒါထက် သမီးမာမီနဲ့တိုင်ပင်စရာရှိတယ်"
စန္ဒကူးလည်းထိုသို့ပြောပြီး ဧည့်ခန်းထဲတွင်ထိုင်လိုက်သည်။
ဒေါ်စိမ်းလဲ့က စန္ဒကူး၏မျက်လုံးကိုတစ်ချက်မော့ကြည့်ပြီးနောက် ခေါင်းအသာအယာငြိမ့်သည်။ အင်္ကျီတောင်မလဲဘဲ ပြောသည်ဆိုကတည်းက အရေးကြီးသည်ထင်သည်။"မာမီ.."
စန္ဒကူးလည်း သူမအမေကိုအသံတိုးတိုးဖြင့် တစ်ချက်ခေါ်လိုက်သည်။
"...""သမီးမှာ ချစ်ရတဲ့သူရှိနေပြီထင်တယ်"
စန္ဒကူးပြောလိုက်တဲ့စကားအပေါ် သူမ၏အမေက မျက်မှောင်တစ်ချက်ကြုံ့သည်၊ ထို့နောက်ပြုံးသည်။ စန္ဒကူး၏ နားလည်ရခက်သော တချို့အပြုအမူတွေဟာ သူမအမေဆီမှရထားခြင်းဖြစ်လိမ့်မည်။"ဟုတ်လား..သမီး၊ အဲ့ဒါက ဘာဖြစ်လို့လဲ"
အေးအေးဆေးဆေးပင်ဆိုလာသော်လည်း စန္ဒကူးမှာတော့ လက်တို့တွင်ချွေးစေးများပြန်လာပြီဖြစ်သည်။ သူမဘယ်လိုပြောရမည်နည်း၊ အမေနဲ့သမီးနဲ့ ၂ယောက်တည်းနေလာရသည့်အတွက် သူမကိုအများကြီးမျှော်လင့်ထားမည်ထင်သည်။ သို့သော် သူမချစ်နေတဲ့သူက သူမရဲ့တပည့်မိန်းကလေးတစ်ယောက်ပါလို့ပြောလိုက်ရင် သူမ၏အမေဘယ်လိုဖြစ်သွားမည်နည်း။
သက်ပြင်းတစ်ချက်ချလိုက်ကာ စကားဆက်ရသည်။"သူက.."
"သူက...မိန်းကလေးတစ်ယောက်ပါ မာမီ၊ ပြီးတော့ သူက.."
စန္ဒကူး၏စကားမဆုံးခင်မှာ သူမ၏အမေက တစ်ချက်ပြုံးပြန်သည်။"အဲ့ကလေးမလေးကို အိမ်ခေါ်လာပါဦး၊ မာမီ ထမင်းလေးဘာလေးကျွေးရအောင်.."
သူမအမေ၏ပြောစကားကြောင့် စန္ဒကူးပြောစရာစကားတို့ပျောက်ဆုံးသွားရသည်။ သူမအမေကသိနေသည်လား.."မာမီ..မာမီ သိနေတာလား"
စန္ဒကူးထိုသို့ပြောတော့ သူမအမေက အဓိပ္ပါယ်ရှိစွာပြုံးသည်။"မာမီမွေးထားတဲ့ မာမီ့သမီးပဲကွယ်..သိတာပေါ့၊ ဘယ်သူနဲ့မှ မဆက်ဆံတဲ့သမီးက အဲ့ကလေးမဆိုပြာနေတာပဲလေ၊ မာမီလည်း အစကတော့ မဟုတ်လောက်ဘူးထင်ပါသေးတယ်၊ အခုတော့ သမီးကတောင်ပြောလာပြီလေ"
သူမအမေ၏ခပ်အေးအေးစကားသံကြောင့် စန္ဒကူး၏မျက်လံုးတွင်မျက်ရည်တို့ရစ်သိုင်းလာသည်။
![](https://img.wattpad.com/cover/323291371-288-k365371.jpg)
YOU ARE READING
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Romance"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"