" ပြန်ရောက်ပြီလား သမီး၊ ဒီနေ့နောက်ကျတယ်နော်" ဧည့်ခန်းမှာပန်းထိုးနေရင်း ဒေါ်စိမ်းလဲ့ကလှမ်းပြောသည်။
"ဟုတ်တယ် မာမီ၊ ဟိုတစ်ခါက ကလေးအိမ်ခဏဝင်နေလို့" မျက်နှာချင်းဆိုင်ခုံပေါ်တွင်ဝင်ထိုင်လိုက်ရင်း ခြင်းတောင်းကိုသူမဘေးချလိုက်သည်။
"သြော်...."ဟုတစ်လုံးတည်းသာ ပြန်ဖြေပြီး ထိုးလက်စပန်းကိုဆက်ထိုးနေသည်။
အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း ဘာမှမပြောဘဲ သူမအမေပန်းထိုးနေတာကိုသာ စန္ဒကူးငြိမ်ငြိမ်ဆိမ်ဆိမ်သာငေးကြည့်နေလိုက်သည်။"မာမီ"
သူမခေါ်လိုက်တော့ ပန်းထိုးနေရင်း ဒေါ်စိမ်းလဲ့က ဆက်ပြောဟူသောအကြည့်ဖြင့် လှမ်းကြည့်သည်။"သမီးကိုလေ ပန်းထိုးသင်ပေးပါလား"
သူမကတောင်းဆိုသည်အသံဖြင့် မေးလိုက်တော့ ဒေါ်စိမ်းလဲ့က အံ့သြသွားသည့်ဟန်ကိုပြသည်။ ထို့နောက်ပြုံးသည်။ စိတ်မရှည်လို့ ဘယ်တော့မှပန်းမထိုးဘူးဟုကြွေးကြော်ထားသော စန္ဒကူးက ပန်းထိုးသင်ပေးပါဆိုတော့ကား...."ဟုတ်ပါပြီတော်၊ သင်ပေးရတာပေါ့၊ အင်္ကျီလဲ၊ ရေမိုးချိုးချေဦး"
ဒေါ်စိမ်းလဲ့ကထိုသို့ပြောလိုက်တော့ မျက်လုံးများကွေးနေအောင်ပြံုးကာ အပေါ်သို့ပြေးတက်သွားသည်မှာ ၃၅နှစ်အရွယ်လူတစ်ယောက်ရဲ့ အပြုအမူတဲ့လား။ ပန်းထိုးနေရင်း ခေါင်းကိုဖြေးညင်းစွာခါရမ်းပြီးနောက်ဒေါ်စိမ်းလဲ့ကပြုံးသည်။ သူမဟာ စကားအများကြီးမပြောပေမယ့် စန္ဒကူး၏ကိစ္စတိုင်းကိုသိနေဟန်။ ယခုတွင်တော့သူမ၃ရက်ကြာထိုးနေသော လက်ကိုင်ပုဝါတွင် သစ်ခွပန်းအစိမ်းလေးကနေရာယူသွားပြီးပြီဖြစ်သည်။ သစ်ခွပန်းအစိမ်းရောင်ဟာ ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတယ်တဲ့၊ ဒါဟာ သူမသမီးလေးကိုပေးဖို့သူမထိုးနေခြင်းဖြစ်သည်။အချိန်အနည်းငယ်အကြာတွင် စန္ဒကူးဟာအိမ်အပေါ်ထပ်မှပြေးဆင်းလာသည်။"မာမီ သမီးကိုသင်ပေးတော့"
စိတ်အားထက်သန်စွာပြောလာသည့် ကလေးကြီးအားကြည့်ကာ ေဒါ်စိမ်းလဲ့ရယ်ချလိုက်သည်။"ဘယ်မလဲ၊ ထိုးမယ့်လက်ကိုင်ပုဝါက"
စန္ဒကူးကာ ဟိုဟိုဒီဒီဝေ့ဝဲကြည့်ပြီးမှသက်ပြင်းတစ်ချက်ချသည်။
BINABASA MO ANG
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Romance"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"