ဤသို့နှင့် လရောင် ညောင်ပင်ကြီးအောက်ရောက်ခဲ့ရပြန်သည်။
လရောင်ပြောသွားတဲ့စကားတွေက စန္ဒကူးရဲ့ရင်ဝကိုမြားတစ်စင်းနှယ် ဝင်ရောက်ထိုးနှက်သည်။ မဟုတ်မှ ခုနကလူက လလေးများဖြစ်နေလား၊ ခြေထောက်တွင်အားတို့မရှိတော့သဖြင့် တံခါးစောင်းကိုအားပြုထားလိုက်ရသည်။ တစ်ချက်ယိုင်မလိုဖြစ်တော့ လက်တစ်စုံက စန္ဒကူးကိုထိန်းထားပေးသည်။ မော့ကြည့်လိုက်တော့ ပြည့်ဝတီဆိုသော ကလေးမဖြစ်နေသည်။
"တီချယ် ရရဲ့လား"
မျက်ရည်တွေဝဲတက်လာသည်ကို မပြချင်သောကြောင့် ခေါင်းသာငြိမ့်ပြပြီး ထိုနေရာမှ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ အခန်းလွတ်ထဲရောက်တော့ ခေါင်းကိုခုံပေါ်မှောက်ကာ မျက်ရည်တို့ထွက်မကျလာအောင် တင်းခံထားမိသည်။ လရောင်နဲ့ တွေ့ဆုံခြင်းက မှားများမှားယွင်းနေခဲ့လေသလား၊ နှစ်ဦးနှစ်ဖက် နာကျင်စရာတွေကြီးသာဖြစ်နေသည်။ လရောင်နဲ့သာဆို ဘယ်လိုနာကျင်မှုမျိုးမဆိုခံနိုင်ပေမယ့် လရောင်ကရော...ညနေအိမ်ပြန်ချိန်ရောက်တော့ သူမထိုင်စောင့်နေကျဖြစ်သော သစ်ပင်ရှိရာ ခုံတန်းလေးတွင်ငေးမှိုင်နေသော လရောင်ကိုတွေ့ရသည်။
"လလေး"
စန္ဒကူးခပ်တိုးတိုးခေါ်လိုက်တော့ သူမကိုမော့ကြည့်တဲ့မျက်ဝန်းတွေက အရင်ကလိုတောက်ပမနေဘဲ မှုန်မှိုင်းနေသည်။ စန္ဒကူး ထိုကလေးမကို တကယ်ပဲ နာကျင်စေပြီလား..လက်လွှတ်ပေးလိုက်သင့်ပြီလား..."သွားကြမယ်လေ"
ခေါင်းပဲ အသာငြိမ့်ပြပြီးစန္ဒကူးနောက် တည်တည်ငြိမ်ငြိမ်လိုက်လာသော ကလေးမကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချရသည်။
ထိုကလေးမနှင့်စကားပြောမှဖြစ်တော့မည်လေ။
အိမ်နားရှိပန်းခြံတွင်ကားရပ်လိုက်သည့်တိုင် လရောင်၏မျက်နှာက ဒီဘက်ခြမ်းကိုလှည့်မလာသေး။
"လလေး"
"လလေး"
စန္ဒကူးက လရောင်ကိုခေါ်နေသော်လည်း လှည့်မကြည့်သဖြင့် ပုခုံးကိုကိုင်၍လှည့်လိုက်တော့ လရောင်မျက်ရည်တို့ကျနေသည်လေ။"လလေး..ဘာလို့..လလေးရယ်"
စန္ဒကူးလည်း ပြောရင်းဖက်မည်ပြုလိုက်တော့ လရောင်က အဖက်မခံဘဲ တစ်ဖက်သို့လှည့်သွားသည်။
YOU ARE READING
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Romance"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"