အခန်း ၁၆

964 99 25
                                    

လရောင် ဘာမှပြန်မပြောတော့ပဲ ပြတင်းပေါက်တစ်ဖက်ကိုသာငေးနေလိုက်သည်။
"အခုအဖြစ်အပျက်တွေက အိပ်မက်သာဖြစ်မယ်ဆိုရင် လရောင်တစ်သက်လုံးမနိုးထချင်တော့ဘူး တီချယ်ရယ်"

"တီချယ်"
"ရှင်"
လရောင်ခေါ်လိုက်တော့ ကားစက်နှိုးဖို့ပြင်နေတဲ့ တီချယ်က လရောင်ကိုလှည့်ကြည့်သည်။

"ဒါ အိပ်မက်တော့ မဟုတ်ပါဘူးနော်"
လရောင်တိုးတိတ်စွာပြောလိုက်တော့ တီချယ်ရဲ့ လက်တစ်ဖက်က လရောင်ပါးကိုခပ်ဖွဖွအုပ်မိုးလိုက်သည်။

"မဟုတ်ပါဘူးကွယ်"
ပြောရင်း တီချယ်က လရောင်နှုတ်ခမ်းကိုနမ်းပြီး ဟိုဘက်ပြန်လှည့်သွားကာ ကားစက်နှိုးတော့သည်။

"အဲ့ဒါဆို အခုလရောင်တို့က ဘာဖြစ်သွားပြီလဲဟင် တီချယ်"
လရောင်မေးလိုက်တော့ တီချယ်က လရောင်ဘက်စောင်းငဲ့ကြည့်ပြီး သဘောကျစွာရယ်ကာ တစ်ဖက်ပြန်လှည့်သွားသည်။

"လလေးက ဘာဖြစ်သွားပြီထင်လဲ"
တီချယ့်ကိုလှမ်းကြည့်လိုက်သော်လည်း တီချယ်က ပြုံးလျက်သာနေသည်။ ဘေးတိုက်မြင်နေရသော ပါးချိုင့်လေးက နစ်ဝင်ချင်စရာ၊ သည်လိုအမျိုးသမီးက လရောင်ကိုချစ်တယ်ဆိုတော့ လရောင်က ကံအကောင်းဆုံးပဲဖြစ်မည်ထင်သည်။ လရောင်တွေးရင်း မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။

"ဟော တစ်ယောက်တည်းဘာတွေသဘောကျနေတာတုန်း"
တီချယ်က လရောင်ဘက်ကြည့်ရင်းပြောလာသည်။

"မဟုတ်ပါဘူး တီချယ်က လရောင်ကို ဟိုလူနဲ့စကားပြောရင်မကြိုက်၊ ဒီလူနဲ့စကားပြောရင် မကြိုက်ဖြစ်တာကို သတိမထားမိဘူးလေ၊ အခုမှစဥ်းစားမိတာ၊ ဒေါ်အပျိုကြီးက ကလေးကိုသဝန်တိုနေတာပဲလို့ ဟီဟိ"
လရောင် ပါးစပ်ကိုလက်ဖြင့်အုပ်ရင်းရယ်ကာ ပြောတော့ တီချယ်က လရောင်ကိုမျက်စောင်းလှမ်းထိုးသည်။ တီချယ့်ရဲ့မျက်စောင်းလေးကတော့ မြတ်နိုးချင်စရာအတိ။ လရောင်ဟာ အချစ်နွံကိုတော်တော်လေး နစ်နေတာပဲ။

"ရှင်က ကျွန်မအပိုင်လေကွယ်၊ အဲ့တော့ အူတိုရတာပေါ့၊ ဘာလဲ မကြိုက်ဘူးလား၊ မကြိုက်ရင်..."

"ကြိုက်တယ် ကြိုက်တယ်၊ ကြိုက်ပါတယ်၊ တီချယ်ရဲ့...ချစ်လို့ သဝန်တိုတာပဲ.."
တီချယ့်စကားမဆုံးခင်မှာပဲ အရင်ဦးအောင် ဝင်ပြောလိုက်ရသည်။ သည်အမျိုးသမီးစိတ်က လက်တစ်ဆစ်လောက်ရှိတာ စိတ်ဆိုးသွားရင်ခက်ရချည်ရဲ့။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Wo Geschichten leben. Entdecke jetzt