အဖြစ်အပျက်တစ်ခုပြီးတစ်ခု

1.8K 290 1
                                    

မီးပုံးတွေက ခပ်မြင့်မြင့်ဆီသို့ပျံသန်းရောက်ရှိသွားကာ ဟိုးအဝေးတစ်နေရာရှိ တလက်လက်တောက်ပနေသောကြယ်ကလေးတွေဖြင့် ရောနှောသွားလေ၏။ထို့နောက်တွင်တော့ ပိုင်မင်နှင့်ရှုရင်တို့နှစ်ယောက်လည်း ထွက်ခွာသွားကြကာ သန်းခေါင်ယံအချိန်ရောက်တော့မှာဖြစ်သည့်အတွက် ပိုင်မင် ကပြဖျော်ဖြေခဲ့သောစင်ငယ်လေးဆီသို့ဦးတည်သွားလိုက်သည်။

ရှုရင်မှာတော့ ပိုင်မင်၏လမ်းလျှောက်နေပုံကိုကြည့်ပြီး မရယ်မိစေရန် သူ့နှုတ်ခမ်းကို ကိုက်ထားရသဖြင့် မျက်နှာပေါ်ရှိကြွက်သားတွေပင် နာကျင်လာရသည်။

"အကယ်၍ ငါအဲ့ဒီဝိုင်ပုလင်းကိုမရဘူးဆိုရင် ငါ့ညီလေးကိုဖြတ်ပစ်လိုက်မယ်!" မည်သူတစ်ဦးတစ်ယောက်မှရှိမနေသောနေရာတွင် ပိုင်မင်​တစ်ယောက် မေးစေ့ကိုလေထဲဝင့်ကြွားစွာမော့ထားရင်း ပြောလိုက်၏။

ရှုရင် ရယ်ချင်စိတ်ကိုနောက်ထပ်ဆက်ပြီးထိန်းမထားနိုင်တော့ပေ "ခွီ!"

"ငါတကယ်ဖြတ်ပစ်မှာ!ငါဒီလောက်အားစိုက်ထုတ်ပြီးကခဲ့တာတောင်မှ အနိုင်မရဘူးဆိုရင် နတ်ဘုရားတွေကငါ့ကိုယောက်ျားဖြစ်ဖို့မထိုက်တန်ဘူးလို့ယူဆထားတာပဲဖြစ်မယ်။အဲ့ဒီတော့ ငါ့မှာ အဲ့ဒါရှိနေဖို့လိုပါဦးမလား" ပိုင်မင် သူ့ခွကြားကိုပုတ်ရင်းပြောလိုက်၏။ရှုရင်၏မျက်လုံးတွေက ပိုင်မင်ပုတ်ပြလိုက်သောနေရာတွင်သာ နှလုံးခုန်သံ 'တဒုန်းဒုန်း' ဖြင့် နာရီဝက်လောက်ရစ်ဝဲနေခဲ့မိသည်။

"အဟမ်း။လုရှစ်စွင်း...ဒီလိုမျိုးပြောနေမဲ့အစား ဘယ်သူပထမရမလဲဆိုတာကိုပဲသွားကြည့်တာမကောင်းဘူးလား။"

"ဟမ့်...မင်း ငယ်ပါသေးတယ်ကောင်လေးရယ်။မင်းရဲ့အသက်အရွယ်မှာ ရဲရဲင့်င့်နဲ့စွန့်စားသင့်တယ်ကွ...မင်းရဲ့ပစ္စည်းကိုတောင်အသုံးပြုဖူးသေးဘူးမလား? ပြောရမယ်ဆိုရင် အမျိုးသမီးဂိုဏ်းသားတွေအများစုမင်းကိုကြည့်နေတဲ့ပုံစံက ငါဝက်သားကင်ကိုကြည့်နေတဲ့ပုံစံနဲ့တစ်ပုံစံတည်းပဲ..."

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now